စိတ် စိတ်အတိုင်းတိုင်းထားအပိုင်း(၃)
©©©©©©©©©©©©©©© ©©©
©©©©©©©©©©©©©©©
ထို့ကြောင့် "အတ္ထိ စိတ္တန္တိ ၀ါ ပနဿ သတိ ပစ္ခုပဋ္ဌိတာ ဟောတိ" ဟူသော ပါဠိတော်ဝါကျကို "၀ါ ပန၊ အသိဉာဏ်နှင့်တကွ သတိထင်ပုံတနည်းကား။ စိတ္တံ စိတ္တံ ဧ၀၊ စိတ်သည်သာလျှင်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့။ အဿ၊ ထိုရှုမှတ်သူ၏။ သတိ၊ အသိဉာဏ်နှင့်တကွ အမှတ်ရမှု သတိသည်။ ဟောတိ၊ ဖြစ်၏။" ဟု အနက်ပြသင့်ပေသည် ။ ဖော်ပြပါဝါကျနှင့်ဆက်၍-
"ယာဝဒေ၀ ဉာစမေတ္တာယ ပဋိဿတိမတ္တာယ၊ အနိဿိတော စ ၀ိဟရတိ၊ န စ ကိဉ္စိလောကေ ဥပါဒိယတိ၊ ဧ၀မ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု စိတ္တေ စိတ္တနုပဿီ ၀ိဟရတိ" ဟု ဟောတော်မူလျက် စိတ္တာနုပဿနာခန်း ကို အပြီးသတ်တော်မူသ ည်။
အနက်ကား
သာ သတိ၊ အသိဉာဏ်နှင့်တကွ ဖြစ်သော ထိုသတိသည်။ ယာဝဒေ၀ ဉာဏမတ္တာယ၊ အဆင့်ဆင့်အားဖြင့် အသိဉာဏ် တိုးပွါးရုံငှာသာတည်း။
"ယာဝဒေ၀ ပဋိဿတိမတ္တာယ၊ အဆင့်ဆင့်အားဖြင့် တဖန် အသိဉာဏ်နှင့်တကွ အမှတ်ရမှု တိုးပွားရုံငှာသာတည်း။ သော ဘိက္ခု၊ ထိုသို့အမှတ်ရလျ က် ရှုမှတ်သိမြင်နေသူသည်။ အနိဿိတော စ၊ တဏှာ ဒိဋ္ဌိတို့ဖြင့် မမှီမှု မတွယ်မှုဟူ၍လည်း။ ၀ိဟရတိ၊ နေသည်မည်၏။ လောကေ၊ ဥပါဒါနက္ခန္ဓာဟူသော လောက၌။ ကိဥ္စိ၊ ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိညာဉ်တို့တွင် တစုံတခုကိုမျှ။ န စ ဥပါဒိယတိ၊ ငါကောင် ငါ့ဥစ္စာဟူ၍ တဏှာ ဒိဋ္ဌိတို့ဖြင့် စွဲလည်းမစွဲလမ်း ။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘိက္ခု၊ အစဉ်မပြတ်ရှုမှတ် သူသည်။ ဧ၀မ္ပိ ခေါ၊ ဤ စိတ္တာနုပဿနာနည်း ဖြင့်လည်း။ စိတ္တေ၊ အသိစိတ်၌။ စိတ္တာနုပဿီ၊ သိမှုစိတ်သဘောမျှ ဟု ရှုမြင်သည်ဖြစ်၍။ ၀ိဟရတိ၊ နေ၏။
အတ္ထိ စိတ္တန္တိ ၀ါ ပနဿ အစရှိသော ပါဠိတော်၏အနက်ကို အတိုင်းတိုင်း ဋီကာရှင်သည် ပါဠိတော်၏ ဆိုလိုရင်း အဋ္ဌကထာဆရာ၏ ဖွင့်ပြပုံကို မသိမူ၍ အနည်းငယ်သိခဲ့လျှင်လည်း လုံးဝနှစ်လိုမှုမ ရှိပဲ မိမိ၏ အတိုင်းတိုင်း ထားလိုမှုကိုသာ ဦးတည်လျက် "အတိုင်းတိုင်းထားအယူ" ခိုင်မြဲနိုင်ရန် ဘုရားဟော ပါဠိတော်ကို စွယ်ရောင်ပြလောက်ထားကာ မိမိထင်ရာ အနက်ဖော်ပေးထားသ ည်ကို သိစေလိုရင်းဖြင့်  အတိုင်းတိုင်းဋီ ကာရှင်၏ အနက်ကို စိစစ်ပြကြရပေသည် ။
ယင်းသို့စိစစ်ပြ ရခြင်း အကြောင်းအရင်းမှာ အတ္ထိ စိတ္တန္တိ ၀ါ အစရှိသော ၀ါကျနှင့်တဆက်တည်း ဟောထားသော ယာဝဒေ၀ ဉာဏမတ္တာယ အစ စိတ္တာနုပဿနာ နိဂုံးစကားတော်အ ဆုံးရှိသော ပါဠိတော်တွင် "အနိဿိတော စ ၀ိဟရတိ၊ န စ ကိဥ္စိ လောကေ ဥပါဒိယတိ"တဏှာ ဒိဋ္ဌိတို့ဖြင့် မမှီတွယ်ပဲ နေပုံ၊ ဥပါဒါနက္ခန္ဓာဟူသော လောက၌ တစုံတခုကိုမျှ တဏှာ ဒိဋ္ဌိတို့ဖြင့်မစွဲလမ်းပုံကို ဒေသနာတော်အရ အမှန်အတိုင်း ထင်ထင်ရှားရှား သိစေလိုရင်း သမ္မာဆန္ဒပင်ဖြစ်ေ ပသည်။
အဘယ့်ကြောင့် အမှန်အတိုင်း ထင်ထင်ရှားရှား သိစေလိုကြရသနည်း ဟုမူ "မြတ်စွာဘုရားက သရာဂ, ၀ီတရာဂ, သဒေါသ, ၀ီတဒေါသ စသော မည်သည့်စိတ်ကိုမျှ အတိုင်းတိုင်းထားဖို့ရန် ဟောတော်မူသည်မဟု တ်။ ယင်း သရာဂ, ၀ီတရာဂစသော ပုဂ္ဂိုလ်အားလျော်စွာ ၀ိပဿနာရှုထိုက်သော ဖော်ပြပါစိတ်တို့ ကို ၀ိပဿနာရှုလျက် ၀ဋ်ဆင်းရဲမှ လွတ်ငြိမ်းကြစေရ န် ဟောထားတော်မူခဲ့ သည်" ဟုသာ အသိဉာဏ်ဖြစ်ကြပြီး "စိတ် စိတ်အတိုင်းတိုင်းထား"ဟူသော ၀ါဒသည် "မြတ်စွာဘုရားရှ င်၏ နိဗ္ဗာန်ရောက်ကြောင်း တရားအစဉ် ပိဋိကတ်တော်
တခွင်တွင် မပါဝင်ပါတကား" ဟု အမြင်မှန် အသိမှန် ရင့်ကြစေလိုသောေ ကြာင့် အမှန်အတိုင်း ထင်ထင်ရှားရှား သိစေလိုကြရပေသတည်း။
တခွင်တွင် မပါဝင်ပါတကား" ဟု အမြင်မှန် အသိမှန် ရင့်ကြစေလိုသောေ
စိတ္တာနုပဿနာနည်း အရ စိတ်ကို ရှုမှတ်ခြင်းဖြင့်  တဏှာဒိဋ္ဌိတို့ဖြင့် မမှီမတွယ်ပုံ မစွဲလမ်းပုံကို "
သမုဒယာယဓမ္မာနုပဿီတိ ဧတ္ထ ပနိ" စသည်ဖြင့် အဋ္ဌကထာဆရာ ဖွင့်ပြတော်မူသည်။ (၎င်းအဋ္ဌကထာ ပါဠိအနက် အပြည့်အစုံကို ဖော်ပြခဲ့ပြီးဖြ စ်သည်။)
သမုဒယာယဓမ္မာနုပဿ
ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်း သော စိတ်တို့ကို အစဉ်မပြတ် ရှုမှတ်နေသူသည် အရှုခံစိတ်၏ ဖြစ်ပေါ်ဖြစ်ပေါ်ြ ပီးနောက် ကွယ်ပျောက်ကွယ်ေ ပျာက်သွားသည်ကို သာ တွေ့ရ၏။ အတိုင်းတိုင်းမေ နသည်ကိုသာ တွေ့ရ၏။ ထို့ပြင် အရှုစိတ်၏လည်း ဖြစ်ပေါ်ဖြစ်ပေါ်ြ ပီးနောက် ကွယ်ပျောက်ကွယ်ေ ပျာက်သွားသည်ကို သာ တွေ့ရ၏။ အတိုင်းတိုင်းမေ နသည်ကိုသာ တွေ့ရ၏။ ယင်းသို့တွေ့ရသြ ဖင့် ယင်းအရှုခံစိတ် အရှုစိတ်တို့၏ တည်ရာနှလုံးရုပ် မှ စ၍ ရုပ်တရားတို့၏ ဖြစ်ပေါ်မှု ပျက်စီးမှု ဥဒယ ၀ယ သဘောကိုလည်း ရှုသိခြင်းကိစ္စ ပြီးလေ၏။
ယင်းသို့ အရှုခံ, အရှုစိတ်နှင့် နှစ်မျိုးလုံးလိ
ဖြစ်မှု ပျက်မှုကိုမြင်၍ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာ ထင်သဖြင့် ထိုထို စိတ်တရားတို့၌ မြဲသည့်အနေç ကောင်းစား ချမ်းသာသည့်အနေ, ငါကောင်အနေဖြင့် ထင်မှတ်စွဲလမ်းလျက် သာယာတောင့်တမှုတဏှာ မဖြစ်နိုင်တေြာ့ ပီ။ ဤတဏှာ မဖြစ်နိုင်အောင် သိခြင်းသည် တဏှာကို ပယ်ခြင်းပင်မည်ေ သာကြောင့် ပဟာန ကိစ္စလည်းပြီးသည် ။
ရှုသိအပ်, ရှုသိတတ်သော စိတ်တို့၌ တဏှာပင် မဖြစ်နိုင်တော့သ ည့်အတွက် စွဲလမ်းမှု ဥပါဒါန်, ချမ်းသာအောင်အား ထုတ်မှု ကံနှင့် ထိုကံ၏အကျိုး ဘ၀သစ်ရုပ်နာမ်တို့လည်း မဖြစ်နိုင်ကြတော့ ပြီ။ ယင်းသို့ တဏှာမှစ၍ ၀ဋ်ဒုက္ခ ဘ၀အမျိုးမျိုးတိုင်အောင် မဖြစ်ခြင်း ငြိမ်းခြင်းသည်ပ င် ၀ိပဿနာအရာ၌ တဒင်္ဂနိယောဓသစ္စာ (ထိုရှုမှတ်မှုဟူေ သာ အကြောင်းတစိတ်ဖြ င့် သမုဒယဒုက္ခတို့ ချုပ်ငြိမ်းခြင်း) အမှန်ဖြစ်တော့သည်။ ဤဒုက္ခ သမုဒယတို့ ချုပ်ငြိမ်းမှုနိ ရောဓသို့ ဖြစ်ပေါ်လာတိုင်း သောစိတ်ကို မှတ်သိတိုင်း မှတ်သိတိုင်း ရောက်လျက် ရောက်လျက် နေသောကြောင့် သစ္ဆိကိရိယာကိစ္စလ ည်း ပြီးတော့သည်။
အရှုခံစိတ်,အရှုစိ တ်တို့၏ ဖြစ်မှု ပျက်မှုကို အနိစ္စ ဒုက္ခ အနတ္တ, လက္ခဏာအားဖြင့် အမှန်အတိုင်း သိမြင်မှုသည် သမ္မာဒိဋ္ဌိမည်၏။ အမှန်အတိုင်း ကြံမှုç အားထုတ်မှု, အမှတ်ရမှု, တည်ကြည်နေမှုတို့ သည် သမ္မာသင်္ကပ္ပ, သမ္မာဝါယာမာ, သမ္မာသတိ, သမ္မာသမာဓိတို့မည်ကုန်၏။
အရှုခံ, အရှုစိတ်နာမ်၊ ထိုစိတ်၏တည်ရာ နှလုံးရုပ် စသော ရုပ်တရားတို့နှင့် စပ်ဆိုင်သော မကောင်းဉပကျင့်မှု ဒုစရိုက်, မလျော် အသက်မွေးမှု ဒုရာဇီဝတို့ မဖြစ်ထိုက်လေသော ကြောင့် ၎င်းဒုစရိုက်
ဒုရာဇီဝတို့၏ ဆန့်ကျင်ဘက်ဖြစ် သော ရှုမှတ်မှု စိတ်စေတသိက်တရား တို့သည် သမ္မာဝါစာ,သမ္မာကမ္မန္တ, သမ္မာအာဇီဝတို့ပင် မည်ကုန်၏။ ဤသည်လျှင် လောကီ မဂ္ဂင်ရှစ်ပါးဖြစ်တော့သည်။
စိတ်ကို ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဤလောကီမဂ္ဂင် မဂ္ဂသစ္စာတို့သည် ရှုမှတ်သူ၏ သန္တာန်၌ ဖြစ်ပေါ်လာသောကြောင့် ဖြစ်စေမှု ပွားများမှု ဘာဝနာကိစ္စလည်း ပြီးစီးတော့သည်။ ထို့ကြောင့် ၀ိသုဒ္ဓိမဂ် ဒု-တွဲ၊ နှာ-၂၆၈၌-
ဟု မိန့်ဆိုလေပြီ။
အရှုခံစိတ်,အရှုစိ
အရှုခံ, အရှုစိတ်နာမ်၊ ထိုစိတ်၏တည်ရာ နှလုံးရုပ် စသော ရုပ်တရားတို့နှင
ဒုရာဇီဝတို့၏ ဆန့်ကျင်ဘက်ဖြစ်
စိတ်ကို ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဤလောကီမဂ္ဂင် မဂ္ဂသစ္စာတို့သည် ရှုမှတ်သူ၏ သန္တာန်၌ ဖြစ်ပေါ်လာသောကြေ
ဟု မိန့်ဆိုလေပြီ။
ယဉ္စဿ ဥဒယဗ္ဗယဒဿနံ၊ မဂ္ဂေါဝါယံ လောကိကောတိ မဂ္ဂသစ္စံ ပါကဋံဟောတိ-
အဿ၊ ထိုစိတ်၏ဖြစ်မှု ပျက်မှုကိုသိသော ဥဒယဗ္ဗယဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၏။ ယံ ဥဒယဗ္ဗယဒဿနံ၊ အကြင်ဖြစ်မှု ပျက်မှုကို သိမြင်ခြင်းသည်။ အတ္ထိ၊ ဉာဏ်ကိုင်မိမိ ရှိလေ၏။ အယံ၊ ဤသိမြင်ခြင်းသည် ။ လောကိကောမဂ္ဂေါဝ၊ လောကီမဂ်သာတည်း။ ဣတိ တသ္မာ၊ ထို့ကြောင့်။ အဿ၊ စိတ်၏ ဖြစ်မှု ပျက်မှုကို သိမြင်သော ထိုပုဂ္ဂိုလ်အား။ မဂ္ဂသစ္စံ၊ မဂ္ဂသစ္စာသည်။ ပါကဋံ၊ ထင်ရှားသည်။ ဟောတိ၊ မုချစင်စစ် ဖြစ်လေ၏။ (စိတ္တာနုပဿနာနှင့်လျော်ညီစွာ အနက်ပြန်ထားသည်။ )
အဿ၊ ထိုစိတ်၏ဖြစ်မှု ပျက်မှုကိုသိသော ဥဒယဗ္ဗယဉာဏ်နှင့်
ဤသို့ စိတ်ကို သတိပဌာန် နည်းလမ်းမှန်ဖြင့် ရှုမှတ်တိုင်း ရှုမှတ်တိုင်း သစ္စာလေးပါးလုံး ပါဝင်ပြီးစီးသည် ။ သစ္စာလေးပါးတို့၌ ကိစ္စလေးချက် တဉပိင်နက်ပြီးစီးသော ဤစိတ္တာနုပဿနာကို မပြတ်ရှုပွါးလျှင် သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပေါ်ရင့်သန်ြ ပီး မဂ်ဖိုလ်သို့ ဆိုက်ရောက်လျက် ရုပ်နာမ်သင်္ခါရတို့ ငြိမ်းမှု နိဗ္ဗာန်ကို မုချဧကန် မျက်မှောက်ဉပနို င်မည် ဖြစ်ပေသည်။
ဤစိတ္တာနုပဿနာ ရှုမှတ်စဉ်တွင် ပါဝင်သော နိယောဓသစ္စာဟူသည် ကား စိတ်နာမ်နှင့် ယင်း၏တည်ရာ ရုပ်တို့၌ဖြစ်ထိုက်သော သာယာမှု တဏှာ၊ ထိုတဏှာကြောင့် စွဲလမ်းမှု ဥပါဒါန်၊ အားထုတ်မှု ကံ၊ ထိုကံ၏ အကျိုး ဘ၀သစ်ရုပ်နာမ်တို့ မဖြစ်ပဲ ချုပ်ငြိမ်းမှုသာ ဖြစ်သည်။ မဂ်ဉာဏ် အရာ၌ကဲ့သို့ နိဗ္ဗာန်ကို အာရုံပြုလျက်သြိ ခင်း သစ္ဆိကိရိယာကား မဟုတ်သေးဟု မှတ်ကြစေလိုသည်။
ဤသို့လျှင် မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မြင်နိုင်သော စိတ္တာနုပဿနာကိုသာ မြတ်စွာဘုရား ဟောတော်မူသည်ဟု ဖွင့်ပြတော်မူသော အဋ္ဌကထာဆရာသည်-
ကောလဉ္စိ ဣဓ စိတ္တပရိဂ္ဂါဟိကာ သတိ ဒုက္ခသစ္ဆန္တိ ဧ၀ံပဒယောဇနံ ကတွာ စိတ္တပရိဂ္ဂါကဿ ဘိက္ခုနော နိယျာနမုခံ ဝေဒိတဗ္ဗံ-
ဟု မဟာသတိပဌာနသုတ် အဖွင့်၌ မိန့်ဆိုတော်မူသ ည်။ (အနက်ကို ပြန်ကြည့်ပါ။)
ကောလဉ္စိ ဣဓ စိတ္တပရိဂ္ဂါဟိကာ သတိ ဒုက္ခသစ္ဆန္တိ ဧ၀ံပဒယောဇနံ ကတွာ စိတ္တပရိဂ္ဂါကဿ ဘိက္ခုနော နိယျာနမုခံ ဝေဒိတဗ္ဗံ-
ဟု မဟာသတိပဌာနသုတ် အဖွင့်၌ မိန့်ဆိုတော်မူသ
ဖော်ပြခဲ့သော စကားရပ်တို့ဖြင်
စိတ္တာနုပဿနာကို ဟောတော်မူသော ဘုရားရှင်၏အလိုေ
အရှုခံဖြစ်သော ထိုသရာဂစသော စိတ်တို့၏ ဖြစ်မှု ပျက်မှုကို သိမြင်သော မနောဒွါရိက ၀ိပဿနာဇောစိတ်တို့သည်သာ ဖော်ပြခဲ့သည့်အတိုင်း သစ္စာလေးချက် တဉပိင်နက်ဖြစ်မှု ကိစ္စ ပြီးလျက် တဏှာဒိဋ္ဌိတို့ဖြင့် မမှီမတွယ် မစွဲလမ်းသောစိတ် , တဏှာဒိဋ္ဌိတို့ အမှီအတွယ်မရှိသော စိတ်များဖြစ်ကြသ ည်။ အရှုခံဖြစ်ကြသော သရာဂစိတ် ၀ီတရာဂစိတ် စသည်တို့မှာ အခွံသဘော အကာသဘောဖြစ်၍ စွန့်ပစ်ခံရသည့် စိတ်များသာ ဖြစ်သည်။ ယင်းစိတ်တို့၏ မခိုင်မြဲ, ဆင်းရဲç အတ္တကောင် မဟုတ်ဟူသော အနှစ်ကို ယူငင်သည့်အနေဖြင့် သိလျက် အထက်စခန်း နိဗ္ဗာန်လမ်းကို ဖြောင့်တန်းစွာ သွားနိုင်ရေးအတွ က် အနင်းခံ ခုတုံးစိတ်များလ ည်း ဖြစ်ကြလေသည်ဟု ဟောတော်မူလိုရင်း ဖြစ်သည်ဟု ၀ိနည်းဓိုရ်ဆရာေ တ်ာများက သဘောသက်ဝင်တော်မူကြသည်။
စိတ္တာနုပဿနာရှုနေ သူ၏ ၀ိပဿနာမဟာကုသိုလ်စိတ်သည်သာ သစ္စာလေးချက် တပြိုင်နက်သိခြင်း ကိစ္စပြီးနေသေြာေ ကာင့် မည်သည့်တဏှာဒိဋ္ဌိ မျှ မမှီမတွယ် မစွဲကပ်နိုင်သော စိတ် ဖြစ်ပေသည်။ ယင်းစိတ်နှင့်ပြ ည့်စုံနေသူကိုသာ "တဏှာဒိဋ္ဌိအမှီအတွယ် အစွဲမရှိပဲ နေသူ" ဟု ဘုရားရှင် ဟောတော်မူလိုရင်း ဖြစ်ပေသည်။
စိတ္တာနုပဿနာရှုနေ
စိတ္တာနုပဿနာ မဟာကုသိုလ်စိတ်ြ ဖင့် စိတ်ကိုပင် မပြတ်ရှုမှတ် နေခဲ့ပါလျှင် ပါရမီအလျောက် တမဂ်တဖိုလ် နှစ်မဂ်နှစ်ဖိုလ် သုံးမဂ်သုံးဖိုလ် လေးမဂ်လေးဖိုလ်ြ ဖင့် နိဗ္ဗာန်ကိုသိမြင်ကြ၍ အဆုံး၌ အနုပါဒိသေသနိဗ္ဗာ နဓာတ် ဖြစ်ကြပေလိမ့်မည်။ (မုချ)၊ (၀ါ) အနုပါဒိသေသနိဗ္ဗာ နဓာတ်သို့ ဆိုက်ရောက်ကြပေလိမ့်မည်။ (ဥပစာ)။
ထို့ကြောင့် မဟာသတိပဌာနသုတ် အဋ္ဌကထာ ကာယာနုပဿနာ အာနပါနပိုင်း အဆုံး၌-
အဿာသပဿာသပရိဂ္ဂါတိကာ သတိ ဒုက္ခသစ္စံ၊ တဿာသမုဋ္ဌာပိကာ ပုရိမတဏှာ သမုဒယသစ္စံ၊ ဥဘိန္နံ အပ္ပ၀တ္တိ နိရောဓသစ္စံ၊ ဒုက္ခပရိဇာနနော သမုဒယပဇတနော နိယောဓာရမ္မဏော အရိယမဂ္ဂေါ မဂ္ဂသစ္စံ၊ ဧ၀ံ စတုသစ္စ၀သေန ဥဿက္ကိတွာ နိဗ္ဗုတိံ ပါပုဏာတီတိ ဣဓမေကဿ အဿာသပဿာသ၀သေန အဘိနိဝိဋ္ဌဿ ဘိက္ခုနော ယာဝ အရဟတ္တာနိယျာနမုခံ- ဟု မိန့်တော်မူသည်။ ထွက်သက်ဝင်သက်ကို ထက်ဝန်းကျင် ယူတတ် သိမ်းဆည်းတတ်သော အမှတ်သတိသည် ဒုက္ခသစ္စာတည်း။ ထိုသတိကို ဖြစ်စေတတ်သော ရှေ့၌ဖြစ်သော တဏှာသည် သမုဒယသစ္စာတည်း။ ဒုက္ခသမုဒယနှစ်မျိုးလုံးတို့၏ မဖြစ်ကြောင်း မဖြစ်ရာသည် နိရောဓသစ္စာတည်း။ (သတိပဋ္ဌာန၀ိဘင်းမူလဋီကာ)
အဿာသပဿာသပရိဂ္ဂါတ
ဒုက္ခကို ပိုင်းခြားသိ၊ သမုဒယကို ပယ်၊ နိယောဓကို အာရုံဉပသော အရိယမဂ်၏အကြောင်
ဤသို့ လေးပါးသော သစ္စာ၏အစွမ်းဖြင့
ဖော်ပြပါ အဋ္ဌကထာ၌ နိယောဓာရမ္မဏော အရိယမဂ္ဂေါ= နိယောဓကို အာရုံဉပသော အရိယမဂ်ဟု ဆိုထားသော်လည်း လောကုတ္တရာအရိယမဂ်ကို ဆိုလိုသည်မဟုတ်၊ လောကီမဂ်ကိုသာ ဆိုလိုသည်ဟု ယူရမည်။ အဘယ်ကြောင့်ဆိုေ သာ် ၀ိပဿနာအခါ၌လည်း သစ္စာလေးချက်ပါဝင်ပုံကို ပြလိုရင်း ဖြစ်သောကြောင့်ေ ပတည်း။
ထို့ကြောင့် ဧ၀ံ စတုသစ္စ၀သေန ဥဿက္ကိတွာ နိဗ္ဗုတိံ ပါပုဏာတိ- ဤသို့ သစ္စာလေးပါး၏ အစွမ်းဖြင့် အားထုတ်သော် နိဗ္ဗာန်သို့ ရောက်နိုင်၏၊ ရောက်၏ဟု ဆက်၍ ဖော်ပြထားပေသည်။
ဤအဋ္ဌကထာ၏ အဖွင့်ဋီကာ (ဒီ၊ဋီ-၂၊၂၀၃)ဖြ င့် ပြဆိုခဲ့သော အနက်အဓိပ္ပါယ်သည် ပို၍ ထင်ရှားပေသည်။
ဥဿက္ကိတွာတိ ၀ိသုဒ္ဓိပရမ္ပရာယ အာရုဟိတွာ ဘာဝနံ ဥပရိနေတွာ တိအတ္ထော၊ နိယျာနမုခန္တိဝဋ္ဋဒ
ဥဿက္ကိတွာတိ၊ ဥဿက္ကိတွာဟူသည်ကာ
ကာယာနုပဿနာ အာနာပါနပိုင်း၌ "၀ိပဿနာ အခိုက်မှာပင် သစ္စာလေးချက် ပါဝင်လျက် ၀ိပဿနာဉာဏ် အဆင့်ဆင့် ၀ိသုဒ္ဓိ အဆင့်ဆင့်တက်၍ အားထုတ်လျှင် သင်္ခါရငြိမ်းမှု နိဗ္ဗာန်သို့ ရောက်လေ၏" ဟု ဖွင့်ခဲ့သည့်အတိ
ဤမျှရှည်လျားသော စကားအစဉ်သည် ကျောက်သင်္ဘောဆရာေ တ်ာနှင့် ယင်း၏တပည့်များ စိတ် စိတ်အတိုင်းတိုင်း ထားပုံသည် ဘုရားဟော ပါဠိတော်,အဋ္ဌကထာ, ဋီကာတို့နှင့် မညီညွတ်သည်ကို သိရှိစေရန် စိစစ်ဝေဖန်ရာ စကားဖြစ်ပေသည်။
ယခုအခါ ဘုရားရှင်၏ အလိုတော်ကျ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ= မြင်အပ်သော အဆင်းစသည်၌ မြင်ရုံမျှစသည်ြ ဖစ်ပုံကို အဋ္ဌကထာဆရာတို့ ဖွင့်ပြသည်နှင့် အညီ ပါဠိတော်နှင့်တကွ ပါဠိတော်၏ဆိုလို ရင်း အဓိပ္ပါယ်ကို ထုတ်ဖော်ကြဦးအံ့ ။
(၁) တသ္မာတိဟ တေ ဗာဟိယ ဧ၀ံ သိက္ခိတဗ္ဗံ၊ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘ၀ိဿတိ၊ သုတေ သုတမတ္တံ ဘ၀ိဿတိ၊ မုတေ မုတမတ္တံ ဘ၀ိဿတိ၊ ၀ိညာတေ ၀ိညာတမတ္တံ ဘ၀ိဿတိ၊ ဧ၀ဉ္ဇိ တေ ဗာဟိယ သိက္ခိတဗ္ဗံ (အနက်ပြခဲ့ပြီး)
အဓိပ္ပါယ်
မြင်အပ်သော အဆင်း၌ မြင်ရုံမျှ၊ ကြားအပ်သောအသံ၌ ကြားရုံမျှ၊ နံသိအပ်သောအနံ့၌ နံသိရုံမျှ၊ စားသိအပ်သော အရသာ စားသိရုံမျှ၊ တွေ့သိအပ်သော အတွေ့၌ တွေ့ထိရုံမျှ၊ ကြံသိအပ်သော သဘော၌ ကြံသိရုံမျှ ဖြစ်အောင် ကျင့်ပါ။
မြင်အပ်သော အဆင်း၌ မြင်ရုံမျှ၊ ကြားအပ်သောအသံ၌ ကြားရုံမျှ၊ နံသိအပ်သောအနံ့၌
(၂) ယတော တေ ဗာဟိယ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘ၀ိဿတိ၊ သုတေ သုတမတ္တံ ဘ၀ိဿတိ၊ မုတေ မုတမတ္တံ
ဘ၀ိဿတိ၊ ၀ိညာတေ ၀ိညာတမတ္တံ ဘ၀ိဿတိ၊ တတော တွံ ဗာဟိယ န တေန။
ဗာဟိယ၊ ဗာဟိယ။ ယတော၊ အကြင်အခါ၌။ တေ၊ သင်အား။ ၀ါ၊ သင်၏။ ဒိဋ္ဌေ၊ မြင်အပ်သော အဆင်း၌။ ဒိဋ္ဌမတ္တံ၊ မြင်ရုံမျှသည်။ ခေါ၊ စင်စစ်။ ဘ၀ိဿတိ၊ ဖြစ်လတံ့။ ပ။ ဗာဟိယ၊ ဗာဟိယ။ တတော၊ ထိုအခါ၌။ တွံ၊ သင်သည်။ တေန၊ ထိုမြင်အပ်သောအဆ
အဓိပ္ပါယ်
မြင်အပ်သောအဆင်း စသည်၌ မြင်ရုံမျှ စသည်ဖြစ်အောင် ကျင့်နိုင်သောအခါ ကျင့်နိုင်ခဲ့လျှင် ထိုမြင်အပ်သောအဆ င်း စသည်နှင့် စပ်လျဉ်း၍ တပ်မက်မှု ရာဂစသော ကိလေသာ မဖြစ်လတံ့၊ ကိလေသာမဖြစ်ပဲ နေလိမ့်မည်။
(၃) ယတော တွံ ဗာဟိယ န တေန၊ တတော တွံ ဗာဟိယ န တတ္ထ။
ဗာဟိယ၊ ဗာဟိယ။ ယတော၊ အကြင်အခါ၌။ တွံ၊ သင်သည်။ တေန၊ ထိုမြင်အပ်သောအဆ
အဓိပ္ပါယ်
မြင်အပ်သောအဆင်း
(၄) ယတော တွံ ဗာဟိယ န တတ္ထ၊ တတော တွံ ဗာဟိယ နေ၀ိဓ န ဟုရံ န ဥဘယမန္တရေန၊
ဧသေ၀န္တော ဒုက္ခဿ။
ဗာဟိယ၊ ဗာဟိယ။ ယတော၊ အကြင်အခါ၌။ တွံ၊ သင်သည်။ တတ္ထ၊ ထိုမြင်အပ်သောအဆ
မျက်မှောက် မျက်ကွယ်ဘ၀ လောကနှစ်မျိုးမှ
အဓိပ္ပါယ်
အဆင်း အစရှိသော အာရုံခြောက်ပါး တေဘူမက ရုပ်နာမ်တရားတို့ ၌ တဏှာမာနဒိဋ္ဌိတို့ ဖြင့် မကပ်ငြိပဲç မစွဲမမှီပဲ နေနိုင်သူဖြစ်ခဲ့ လျှင် မျက်မှောက် မျက်ကွယ်ဘ၀ လောကဟူသော ဂတိငါးမျိုးတို့ တွင် ဘယ်လိုဂတိမျိုးမှာမှ မဖြစ်ရတော့ပြီ။ ဤသို့ မဖြစ်ရတော့ခြင်း သည်ပင် အနုပါဒိသေသနိဗ္ဗာ န် ဖြစ်ပေသည်။
အထက်ဖ်ာပြပါ ဘုရားစကား ပါဠိတော် (၁)အမှတ်ပြ စကားတို့ဖြင့် အာရုံခြောက်ပါး ဟူသော တေဘူမက ရုပ်နာမ်တရား ၀ိပဿနာ၏အာရုံ (၀ိပဿနာ မဟာကုသိုလ်စိတ်၏ အရှုခံတရားများ)ကို၎င်းင်း၊ ထိုတရားတို့၏ ဖြစ်မှု ပျက်မှုကို ရှုသည်ဖြစ်၍ အနိစ္စ ဒုက္ခ အနတ္တ ဟု သိမြင်သော ၀ိပဿနာဉာဏ် ၁၀-ပါး ဖြစ်ပေါ်လာသည်ကို ၎င်း၊ ယင်း ၀ိပဿနာဉာဏ်တိြု့ ဖင့် ရုပ်နာမ်တရားများသာဟု ပိုင်းခြားသိမြင်ခြင်း ဉာတပရိညာ၊ သက္ကာယဒိဋ္ဌိ,အဟေတု ကဒိဋ္ဌိ, ၀ိသမဟေတုဒိဋ္ဌိ စသည်နှင့်တကွ နိစ္စအဖြစ် သုခအဖြစ် သုဘအဖြစ် အတ္တအဖြစ်ကို ပယ်ခွါသောအားဖြင့် လွန်မြောက်၍ အနိစ္စ ဒုက္ခ အသုဘ အနတ္တ ဟု သိမြင်သော တီရဏပရိညာ ဖြစ်သည်ကို၎င်းင်း၊ သီလ၀ိသုဒ္ဓိအစ ပဋိပဒါဉာဏဒဿန၀ိသုဒ္ဓိ အဆုံးရှိသော ၀ိသုဒ္ဓိ ၆-ပါး ဖြစ်သည်ကို၎င်းင်း မြတ်စွာဘုရား ဟောကြားတော်မူသည်။
အထက်ဖ်ာပြပါ ဘုရားစကား ပါဠိတော် (၁)အမှတ်ပြ စကားတို့ဖြင့် အာရုံခြောက်ပါး ဟူသော တေဘူမက ရုပ်နာမ်တရား ၀ိပဿနာ၏အာရုံ (၀ိပဿနာ မဟာကုသိုလ်စိတ်၏
(၂) အမှတ်ပြ စကားတော်တို့ဖြင့် ရာဂ-စသော ကိလေသာတို့ကို အကြွင်းမဲ့ ပယ်ဖြတ်ခြင်းကို အလိုရှိအပ်သေြာေ ကာင့် မဂ်လေးပါး ပဟာနပရိညာ ဉာဏဒဿန၀ိသုဒ္ဓိကို ဟောကြားတော်မူသည်။
(၃) အမှတ်ပြ စကားတော်တို့ဖြင
(၄) အမှတ်ပြ စကားတော်တို့ဖြင
ဤကား ဗာဟိယသုတ် အဋ္ဌကထာ၌ ဖွင့်ပြသည့်အတို င်း လိုရင်းချုပ် အဓိပ္ပါယ် ဖြစ်ပေသည်။
ဖော်ပြပါ ဗာဟိယသုတ်၏ လိုရင်း အချုပ်လေးချက်တို့၌ ၁-အမှတ်ပြ အချက်သည် အရေးအကြီးဆုံး အချက်ဖြစ်သည်၊ အကြောင်းမှာ ယင်း ၁-အမှတ်ပြ အချက်ပြည့်စုံလျှင် ကျန် ၂-၃-၄- အချက်များ ပြည့်စုံတော့မည် ဖြစ်သောကြောင့်တ ည်း။
ထို ၁-အမှတ်ဖြင့် ပြအပ်သော အာရုံခြောက်ပါး တေဘူမကတရားတို့အ ပေါ်၌ မြင်သိရုံမျှ စသည်ဖြစ်အောင် (၀ါ) ပရမတ်သက်သက်ကိုသာ မြင်သိမှုဖြစ်အော င် ယင်းမြင်သိရုံမျှ စသည်ထက် ပိုလွန်၍ မိန်းမပဲ ယောက်ျားပဲ သတ္တ၀ါပဲ စသော ပညတ်အသိမျိုး မဖြစ်အောင်ကျင့် ရန် အရေးကြီးသည်။ အရေးကြီးခဲ့သော် မည်သို့ကျင့်မည် နည်း။ မြတ်စွာဘုရားက "ဧ၀ဉ္ဇိ တေ ဗာဟိယ သိက္ခိတဗ္ဗံ မြင်ရုံမျှ စသည်ဖြစ်အောင် ကျင့်ရမည်၊ ကျင့်ပါလေ" ဟုသာ ဗာဟိယအား တရားပေးတော်မူသည်၊ ဟောတော်မူသည်။ ယခုခေတ် ပုဂ္ဂိုလ်များ နားလည်လောက်အောင် ကိုင်ပြသလို ကျင့်နည်း ကျင့်ပုံ အတွေ့အဝကံကို မဟောခဲ့ပေ။ ဤဗာဟိယသုတ် အဋ္ဌကထာနှင့်တကွ
မာလုကျပုတ္တသုတ် အဋ္ဌကထာ၌လည်း ဖော်ပြခဲ့သည့် ၁-၂-၃-၄- အချက်များအတိုင်းသာ မှတ်ချက်ချပြရုံ သာ ရှိပါသည်။
ဖော်ပြပါ ဗာဟိယသုတ်၏ လိုရင်း အချုပ်လေးချက်တိ
ထို ၁-အမှတ်ဖြင့် ပြအပ်သော အာရုံခြောက်ပါး တေဘူမကတရားတို့အ
မာလုကျပုတ္တသုတ် အဋ္ဌကထာ၌လည်း ဖော်ပြခဲ့သည့် ၁-၂-၃-၄- အချက်များအတိုင်
ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဣန္ဒြိယသံဝရသီလအရာ န နိမိတ္တဂ္ဂါဟီ နာနုဗျဉ္ဇနဂ္ဂါဟီ ပုဒ်တို့၏ အဖွင့်၌ ဒိဋ္ဌမတ္တေယေ၀ သဏ္ဌာတိ-ဟု ဖွင့်ဆိုထားသည်ကို မဟာဋီကာဆရာ အရှင်ဓမ္မပါလသည်ပ င် "ဒိဋ္ဌမတ္တေယေ၀ သဏ္ဌာတီတိ ဗာဟိယသုတ္တေ ၀ုတ္တနယေန ၀ဏ္ဏာယတန စက္ခုဝိညာဏေန ၀ီထိစိတ္တေဟိ စ ဂဟိတမတ္တေယေ၀ တိဋ္ဌတိ၊ န တတော ပရံ ကိဉ္စိ သုဘာဒိအာကာရံ ပရိကပ္ပေတိ" ဟု ဒိဋ္ဌမတ္တအဓိပ္ပါယ်မျှကိုသာ ပြလျက် ဗာဟိယသုတ်ကိုပင် ညွှန်းပြခဲ့တော်မူသည်။
ထို့ကြောင့် ဤ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ= မြင်ရသည့်အဆင်းစ သည်၌ မြင်ရုံမျှ စသည်ဖြစ်အောင် ကျင့်နည်းကျင့်ပုံအတွက် အခက်ဝကံရမည်ကဲ့သို့ ဖြစ်ဖွယ်ရှိသော် လည်း ထေရဂါထာ အဋ္ဌကထာဆရာ အရှင်ဓမ္မပါလသည် ဥဒါန်းဗာဟိယသုတ် ကို ဖွင့်ပြရာနှင့် ဖော်ပြခဲ့သော ၀ိသုဒ္ဓိမဂ် အဋ္ဌကထာပါဌ်ကို ဖွင့်ပြရာတို့၌ အတိအကျ လက်ဆုပ်လက်ကိုင် မပြခဲ့ရသေးလို့ေ လလား မာလုကျပုတ္တတ္ထေရဂါထာအဖွင့် တိတိကျကျ ဖွင့်ပြခဲ့တော် မူပေသည်။
သတိပြုရန်
ဗာဟိယအား ဟောအပ်သောတရားနှ င့် မာလုကျပုတ္တရဟန်း အား ဟောအပ်သော လိုရင်းတရားမှာ အတူတူသာဖြစ်သည်။ တသ္မာ တိဟ တွံ ဗာဟိယ ဧ၀ံ သိက္ခိတဗ္ဗံ၊ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘ၀ိဿတိ အစချီ၍ ဗာဟိယအား ဟောတော်မူသည်။ မာလုကျပုတ္တသုတ်၌ ရှေ့ပိုင်းက အမေးအဖြေဉပ၍ ဟောခဲ့ပြီး လိုရင်းချုပ်နေရာ၌-
ဧတ္ထ စ တေ မာလုကျပုတ္တ ဒိဋ္ဌသုတမုတ၀ိညာတေ ဗ္ဗသု ဓမ္မေသု ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘ၀ိဿတိ- အစချီ၍ ဟောတော်မူသည်။ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ- စသည်ကား အတူတူပင်ဖြစ်ပေသ ည်။ သို့သော် ထူးခြားချက်ကား ဤသို့ဖြစ်၏။
ဧတ္ထ စ တေ မာလုကျပုတ္တ ဒိဋ္ဌသုတမုတ၀ိညာတေ
ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘ၀ိဿတိ- စသောတရားတော်ကို နာယူပြီးသောအခါ မာလုကျပုတ္တရဟန်း က ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ၏ အဓိပ္ပါယ်ကို (၀ါ) ကျင့်ပုံကျင့်နည်းကို သူနားလည် သဘောပေါက်သလို မြတ်စွာဘုရားအား ပြန်၍ လျှောက်ထားသောအခါ မြတ်စွာဘုရားက "သာဓု-သာဓု မာလုကျပုတ္တ"ဟု သာဓုခေါ်တော်မူပြီး "မာလုကျပုတ္တရဟန်း ..... သင်သည် ငါဘုရား အကျဉ်းနည်း ဟောလိုက်သောတရား ၏ အကျယ်ကို သိပေသည်။ ငါဘုရားလည်း ယင်းအကျဉ်းတရား၏ အကျယ်ကို ထပ်ဟောရလျှင် သင်လျှောက်ထားသည့်အတိုင်းပင် ဟောရပေလိမ့်မည်။ ထို့ကြောင့် ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဖြစ်အောင်ကျင့်ပုံကျင့်နည်းကို သင်လျှောက်ထားသည့်အတိုင်းပင် မှတ်" ဟု မာလုကျပုတ္တ လျှောက်ထားသည့် စကားအတိုင်း ပြန်လည်မိန့်ကြားလျက် မာလုကျပုတ္တရဟန်း ၏ လျှောက်ထားချက်ကို အတည်ဉပတော်မူသည် ။ ဆိုလိုသည်မှာ- မာလုကျပုတ္တသုတ်၌ "ဒိဋ္ဌေ ဒိဋ္ဌမတ္တံ" ဖြစ်အောင် ကျင့်နည်းကျင့်ပုံ ပါလာခြင်းသည် ထူးခြားချက်ဖြစ် သည်ဟု ဆိုလိုပေသည်။ ပေါ်လွင်ထင်ရှားေ စရန် အနည်းငယ် ထုတ်ပြကြကုန်အံ့ ။
မြတ်စွာဘုရား ..... ရှင်တော်မြတ်ဘုရား အကျဉ်းအားဖြင့် ဧောပြအပ်သော "ဒိဋ္ဌေ ဒိဋ္ဌမတ္တံ"တရား၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဘုရားတပည့်တော် မာလုကျပုတ္တ ဤသို့ ဤပုံ နားလည်သဘောပေါက် မိပါသည်ဘုရား- ဟု စကားခံ၍ လျှောက်ထားလေတော့ သည်။
ရူပံ ဒိသွာ သတိ မဋ္ဌာ၊ ပိယံ နိမိတ္တံ မနသိ ကရောတော။ သာရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ အဇ္ဈောသ တိဋ္ဌတိ။ တဿ ၀ဍ္ဎုန္တိ ဝေဒနာ၊ အနေကာ ရူပသမ္ဘ၀ါ။ အဘိဇ္ဈာ စ ၀ိဟေသာ စ၊ စိတ္တမဿူပဟညတိ။ ဧ၀ံ အာစိနတော ဒုက္ခံ၊ အာရာ နိဗ္ဗာန ၀ုစ္စတိ။ (သဠာယတန၀ဂ္ဂသံယုတ်၊ နှာ-၂၉၆)
ရူပံ၊ အဆင်းကို။ ဒိသွာ၊ မြင်ပြီး၍ မြင်ပြီးသော်။ တသ္မိံ ရူပေ၊ ထိုမြင်အပ်သောအဆ င်း၌။ ပိယံ နိမိတ္တံ၊ ချစ်အပ်သည့်အာရုံဟု။ ၀ါ၊ ချစ်စရာဟု။ မနသိ ကရောတော၊ နှလုံးသွင်းမိသူ အား။ သတိ၊ အမှန်ကို သိမှုနှင့် အမှတ်ရမှု သတိသည်။ မုဋ္ဌာ၊ မေ့ပျောက်လေ၏။ တထာ သတိ၊ ထိုသို့ မေ့ပျောက်သည် ရှိသော်။ သော၊ ထိုသူသည်။ သာရတ္တစိတ္တော၊ အဆင်းကို တပ်မက်သော စိတ်ရှိသည်ဖြစ်၍ ။ ဝေဒေတိ၊ နှစ်သက်ခံစား၏။ တဉ္စ၊ ထိုအဆင်းအာရုံကိုလည်း။ အဇ္ဈောသ၊ ငါးမျိုသကဲ့သို့ သိမ်းပိုက်၍။ တိဋ္ဌတိ၊ တည်လေ၏။ ၀ါ၊ အဇ္ဈောသ တိဋ္ဌတိ၊ ချမ်းသာသည်ç ကောင်းသည်ç ချစ်စရာဟု ရှေးရှုဝင်ရောက်၍ နှလုံးသွင်း၍ မျိုသကဲ့သို့ ပြီးဆုံးစေလျက်တ ည်၏။
တဿ၊ ထိုသူအား။ ရူပသမ္ဘ၀ါ၊ အဆင်းဟူသော အာရုံရှိကုန်သော ။ ၀ါ၊ အဆင်းကြောင့် ဖြစ်ကုန်သော။ ၀ါ၊ အဆင်းမှစ၍ ဖြစ်ကုန်သော။ အနေကာ၊ များစွာကုန်သော။ ဝေဒနာ စ၊ ကိလေသာဖြစ်ခြင်း ၏ အကြောင်းဖြစ်ကုန်သော ဝေဒနာတို့သည်၎င်းင်း။ အဘိဇ္ဈာ စ၊ လိုချင်မက်မောမှု တို့သည်၎င်းင်း။ ၀ိဟေသာ စ၊ ညှင်းဆဲလိုသော ဒေါသတို့သည်၎င်းင်း ။ ၀ဍ္ဎုန္တိ၊ တိုးပွားကုန်၏။ အဿ၊ ထိုသူ၏။ စိတ္တံ၊ စိတ်သည်။ ဥပဟညတိ၊ လောဘ ဒေါသတို့ဖြင့် ပင်ပန်း၏။ တနည်း၊ အနေကာ၊ များစွာကုန်သော။ ဝေဒနာ၊ ကိလေသာဖြစ်ကြောင်း ဝေဒနာတို့သည်။ ၀ဍ္ဎုန္တိ၊ တိုးပွားကုန်၏။ အဘိဇ္ဈာ စ၊ ချစ်ဖွယ်အာရုံ၌ တပ်မက်ခြင်းအာြး ဖင့်ဖြစ်သော အဘိဇ္ဈာသည်၎င်းင်း။ ၀ိဟေသာ-၀ိဟေသာယ စ၊ မုန်းစရာအာရုံ၌ အမျက်ထွက်ခြင်းç ချစ်စရာအာရုံ၏ပင် ဖောက်ပြန်ခြင်းေ ကြာင့်သာ စိုးရိမ်ခြင်းစေ သာ လက္ခဏာရှိသည့် ပင်ပန်းမှုညှင်းဆဲလိုမှု ဒေါသသည်၎င်းင်း။ အဿ၊ ထိုသူ၏။ စိတ္တံ၊ စိတ်သည်။ ဥပဟညတိ၊ ကပ်၍ ညှင်းဆဲအပ်၏။ ဧ၀ံ၊ ဤသို့ဤပုံ။ အာစိနတော၊ ထိုထိုဝေဒနာကို သာယာခြင်းအားဖြင့် ဘ၀ကိုဉပစီမံတတ်ေ သာ ကံကိုဆည်းပူးနေသူအား။ ဒုက္ခံ၊ ၀ဋ်ဆင်းရဲသည်။ ပ၀တ္တတိ၊ ဖြစ်၏။ တဿ၊ ထိုသူအား။ ၀ါ၊ ထိုသူအဖို့။ နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။ အာရာ၊ ဝေးလှ၏ဟူ၍။ ၀ုစ္စတိ၊ ဆိုအပ်၏။ တနည်း၊ ဧ၀ံ၊ ဤသို့ဤပုံ။ ဒုက္ခံ၊ ကိလေသာဆင်းရဲ ၀ဋ်ဆင်းရဲကို။ အာစိနတော၊ ဆည်းပူးစုဆောင်း နေသူအား။ နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။ အာရာ၊ ဝေးလှ၏ဟူ၍။ ၀ုစ္စတိ၊ ဆိုအပ်၏။
ရူပံ၊ အဆင်းကို။ ဒိသွာ၊ မြင်ပြီး၍ မြင်ပြီးသော်။ တသ္မိံ ရူပေ၊ ထိုမြင်အပ်သောအဆ
တဿ၊ ထိုသူအား။ ရူပသမ္ဘ၀ါ၊ အဆင်းဟူသော အာရုံရှိကုန်သော
အဓိပ္ပါယ်
အဆင်းအာရုံကို မြင်ပြီးနောက် ထိုအဆင်းအာရုံကို ချစ်စရာဟု နှလုံးသွင်း စိတ်ကူးသူအား ထိုအဆင်းအာရုံ၏ တင့်တယ်သောအခြင်းအရာ ချစ်စရာ စိတ်ကူးလိုက်ခြင်းကိုပင် အယောနိသောမနသိကာ ရ- မသင့်သော နှလုံးသွင်းမှု ဆင်ခြင်မှုဟု ခေါ်သည်။ တရားကိုယ်မှာ မနောဒွါရာဝဇ္ဇန်း ပင် ဖြစ်သည်။ ပီပီပြင်ပြင် မြင်ခဲ့ပြီးနောက်မှဖြစ်သော စဉ်းစားဆင်ခြင်မှုဖြစ်သည်။ ယင်း မနောဒွါရာဝဇ္ဇန်း သည် သူ့ချည်းသက်သက်ြ ဖစ်ကာ တန့်ရပ်နေသည် မဟုတ် ဆက်လက်၍ ဇောစိတ်များ ဖြစ်လာပြန်သည်။ ယင်း ဇောစိတ်များကား လောဘဇော
လောဘမူ အကုသိုလ်စိတ်များသာဖြစ်သည်။ မြင်အပ်သော အဆင်းအာရုံကို ရိုးရိုးသဘောကျ ကျေနပ်လျှင် ဒိဋ္ဌိမပါသော သောမနဿသဟဂုတ် လောဘမူ အကုသိုလ်ဇောဖြစ် သည်၊ မြင်အပ်သောအာရုံ ကို မြဲသည့်အနေ,ချမ်းသာသည့်အနေç အသက် လိပ်ပြာ ၀ိညာဉ်ကောင်အနေ စသည် ထင်မှတ်လျက် သဘောကျ ကျေနပ်လျှင် ဒိဋ္ဌိပါလာသော သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် လောဘမူ အကုသိုလ်ဇောဖြစ် သည်၊ (သသင်္ခါရိကဖြစ်မြ ဖစ်ကိုလည်း စိစစ်၍ သိပါ)။ ယင်း ဇောစိတ်များ၌ ယှဉ်သည့် စေတသိက်များတွင် စေတနာ ပါလာသည်ကို သတိဉပပါ။ ယင်း စေတနာသည်ပင် အပါယ်ဆင်းရဲ၌ ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်သည့် ဘ၀ါဘိသင်္ခါရ၊ မကောင်းသည့်ဘ၀ကို စီမံပေးသည့် အပုညာဘိသင်္ခါရ ဖြစ်တော့သည်။ ဤနည်းဖြင့် ကိလေသာဖြစ်၊ ကံဖြစ်၊ ဘ၀၀ဋ်ဆင်းရဲဖြစ် ရသဖြင့် အဆင်းကိုမြင်ပြီး တဖန် အမှတ်မရသူသည် ကိလေသာဆင်းရဲ ၀ဋ်ဆင်းရဲကို ဆည်းပူးနေသူပင်ြ ဖစ်သည်သာမကသေး၊ မြင်အပ်သောအဆင်း ကို ချစ်စရာဟု နှလုံးသွင်းဆင်ြ ခင်ထားလိုက်သဖြင့် ထိုအဆင်းကို လိုချင်မှု မရ-ရအောင် ကြံစည်မှု အဘိဇ္ဈာဖြစ်ရတော့ သည်။ ယင်းအဆင်း၏ (အဆင်းဆိုသော်လည်း အဆင်းတည်ရာ အထည်ဒြဗ်တခု၏) တမျိုးတဖုံ ဖောက်ပြန်မှု ပျက်စီးမှု ဖြစ်သွားသောအခါ စိုးရိမ်မှု ပူဆွေးမှု နှလုံးမသာမှု စိတ်ပျက်မှု ပြင်းစွာပင်ပန်း မှုတို့လည်း ဖြစ်လာကြတော့သည် ။ ထိုလိုချင်မှု အဘိဇ္ဈာç စိုးရိမ် ပူဆွေး နှလုံးမအေး စိတ်ပျက် စိတ်နာ ၀ိဟေသာတို့က ထိုသူ၏ စိတ်ကို ညှင်းဆဲနှိပ်စက် လေတော့သည်။ အဘိဇ္ဈာ ၀ိဟေသာတို့ ဖြစ်ကြသောအခါ ယင်းတို့နှင့်အတူ လောဘမူç ဒေါသမူ စိတ်တို့သည်လည်း ဖြစ်ကြတော့သည်။ ယင်း စိတ်များကား အဆင်းအာရုံကြောင့် ဆက်လက်ဖြစ်လာကြေ သာ မကောင်းစိတ်တို့ ချည်းသာတည်း။ ယင်းသို့ ဆက်ကာ ဆက်ကာ တိုး၍ တိုး၍ မကောင်းစိတ်များ ဖြစ်လာစေသည်ကို "အာစိနန္တု" ဆည်းပူးနေသည်ဟု ခေါ်သည်။ ယင်းသို့ ဆည်းပူးထားပြီြး ဖစ်သောကြောင့် အပါယ်ဝဋ်ဆင်းရဲ ဖြစ်ရတော့သည်။ ယင်းပုဂ္ဂိုလ်အဖို့ နိဗ္ဗာန်ကား ဝေးလွန်းလှတော့သ ည်။
လောဘမူ အကုသိုလ်စိတ်မျာ
အဘယ့်ကြောင့် နိဗ္ဗာန်နှင့် ဝေးရလေသနည်း၊
အဆင်းအာရုံကို မြင်စဉ်အခါက မြင်ရုံမျှမက ဆက်လက်၍ လောဘဇော အကြိမ်များစွာ ဖြစ်ခဲ့သောကြောင့်တည်း။ မလိုလားအပ်သော အဆင်းအာရုံထင်ရာ ၌ ဒေါသဇောဖြစ်သည်မှစ၍ ၀ဋ်ဆင်းရဲဖြစ်ပုံç နိဗ္ဗာန်နှင့် ဝေးပုံတို့ကိုလည်း သိကြပါလေ။ အသံအာရုံစသည်တို့ ၌လည်း ဤနည်းအတူပင် မာလုကျပုတ္တရဟန်း က လျှောက်ထားလေသည် ။ ထို့နောက် ဤသို့လျှောက်ထား ပြန်သည်-
န သော ရဇ္ဇတိ ရူပေသု၊ ရူပံ ဒိသွာ ပဋိဿတော၊ ၀ိရတ္တစိတ္တော ဝေဒေတိ၊ တဉ္စ နာဇ္ဈောသ တိဋ္ဌတိ။ ယထာဿ ပဿတော ရူပံ၊ သေ၀တော စာပိ ဝေဒနံ။ ခီယတိ နော} ပစီယတိ၊ ဧ၀ံ သော စရတီ သတော။ ဧ၀ံ အပဟိနတော ဒုက္ခံ၊ သန္တိကေ နိဗ္ဗာန ၀ုစ္စတိ။ (သဠာယတန၀ဂ္ဂသံယုတ
_________……………… …____
ဆက်လက်ဖော်ပြမည် ။
ဤတွင် သမ္ပဇညလေးပါးကို ဂ-ဃ-ဏ-န ခွဲခြားသိဖို့ လိုလာပေသည်။
ဤသမ္ပဇဉ်လေးပါးတို့တွင် သာတ္ထကသမ္ပဇဉ်,သပ္ပါယသမ္ပဇဉ်တို့သည် ပကတိပုဂ္ဂိုလ် (၀ါ) ကမ္မဋ္ဌာန်းအလုပ် မလုပ်သည့်ပုဂ္ဂို လ်များအတွက်လည်း လိုအပ်ပေသည်။ ၀ိပဿနာမပြတ် ရှုမှတ်နေသော ပုဂ္ဂိုလ်များအတွ က်မှာမူ မူလ အခြေခံစဉ်ကပင် ပြည့်စုံပြီးဖြစ်ပေသည်။
ဝိပဿနာ ရှုပွားထိုက်သော တေဘူမကဓမ္မဆိုရာ၌ လည်း မည်သို့မျှ အသိလုံးထွေး ရှုပ်ပွေနေစရာ မရှိပေ။ ကာယ, ဝေဒနာ, စိတ္တ, ဓမ္မတို့ပင် ဖြစ်ချေသည်။ ယင်း ကာယ, ဝေဒနာ, စိတ္တ, ဓမ္မတို့၌ အနိစ္စစသည် ထင်မြင်အောင် ရှုပွားနိုင်လျှင် ရဟန္တာအထိ ဖြစ်နိုင်သည်ဟု မြတ်စွာဘုရားကို ယ်တော်တိုင် အာမခံ တာဝန်ယူထားအပ်ခဲ့ ပေသည်။
ထို့ပြင် စက္ခုဝိညာဏ၀ီထိမှ နောက် စ စဦးဖြစ်သော အတိတ်အဆင်း ပရမတ်အာရုံကိုသာ အာရုံဉပပေးသော တာနုဝတ္တက သုဒ္ဓမနောဒွါရိက ပထမ ကြံသိ ၀ီထိမျှတိုင်အော င်သာ ဖြစ်လျှင်လည်း "ဒိဋ္ဌေ ဒိဋ္ဌမတ္တံ= မြင်အပ်သော အဆင်း၌ မြင်ရုံမျှသာ ဖြစ်သည်"ဟု ဆိုနိုင်ပေသည်။
ဆက်လက်ဖော်ပြမည်
စိတ် စိတ်အတိုင်းတိုင်းထားပုံအပိုင်း (၄)
--------------- --------------- -------
---------------
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ရူပံ၊ အဆင်းကို။ ဒိသွာ၊ မြင်ပြီး၍။ ၀ါ၊ မြင်ပြီးသော်။ ပဋိဿတော၊ တဖန် အမှတ်ရသည်။ ဟောတိ၊ ဖြစ်၏။ သော၊ အဆင်းကိုမြင်ပြီးလျှင် တဖန်အမှတ်ရသော ထိုပုဂ္ဂိုလ်သည်။ ရူပေသု၊ မြင်အပ်သောအဆင်း တို့၌။ န' ရဇ္ဇတိ၊ မတပ်မက်။ ၀ါ၊ တပ်မက်မှုကင်း၏။ သော၊ အဆင်းကို မြင်ပြီးလျှင်ပြီးခြင်း တဖန် အမှတ်ရသောထိုပုဂ္ဂိုလ်သည်။ ၀ိရတ္တစိတ္တော၊ တပ်မက်ကင်းသောစိ တ်ရှိသည်ဖြစ်၍။ ဝေဒေတိ၊ ခံစားရ၏။ တဉ္စ၊ ထိုအဆင်းကိုလည်း ။ အဇ္ဈောသ၊ ၀ါးမျိုသကဲ့သို့ သိမ်းပိုက်၍။ နတိဋ္ဌတိ၊ မတည်။
ယထာ၊ မြင်ပြီးလျှင်ပြီးခြင်း မှတ်သိမှုပါသော အခြင်းအရာအားဖြင့်။ ရူပံ၊ အဆင်းကို။ ပဿတေယ စာပိ၊ မြင်သည်လည်းဖြစ် သော။ ဝေဒနံ၊ ခံစားမှုဝေဒနာကို ။ သေ၀တော စာပိ၊ မှီဝဲသည်လည်းဖြစ်သော။ အဿ၊ ထိုပုဂ္ဂိုလ်အား။ ဒုက္ခံ၊ တဖန် မှတ်သိမှု မရှိလျှင် ဖြစ်လာနိုင်သော ကိလေသာဆင်းရဲç ၀ဋ်ဆင်းရဲသည်။ ခီယတိ၊ ကုန်သာကုန်ခမ်း၏ ။ နောပစီယတိ၊ ဆည်းပူးစုဆောင်း အပ် သည်ကားမဟုတ်။ ဧ၀ံ၊ ဤသို့သော အခြင်းအရာအားဖြင့်။ သော၊ ထိုပုဂ္ဂိုလ်သည်။ သတော၊ အမှတ် ရှိသည်ဖြစ်၍။ ၀ါ၊ အမှတ်ရလျက်။ စရတိ၊ ကျင့်လေ၏။ ဧ၀ံ၊ ဤဆိုအပ်ခဲ့သည့်အ တိုင်း မြင်ပြီးလျှင် မြင်ပြီးခြင်း တဖန် သတိရသောအားဖြင့် ။ ၀ါ၊ မြင်ပြီးလျှင် မြင်ပြီးခြင်း မှတ်သိခြင်းအာြး ဖင့်။ ဒုက္ခံ၊ တဖန် ရှုသိမှုမရှိလျှင် ဖြစ်လာနိုင်သော ကိလေသာဆင်းရဲ, ၀ဋ်ဆင်းရဲကို။ အပစိနတော၊ ဖျက်ဆီးနေသော ပုဂ္ဂိုလ်အား။ နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။ သန္တိကေ၊ နီး၏ဟူ၍။ ၀ုစ္စတိ၊ မုချဆတ်ဆတ် ဆိုအပ်၏။
ယထာ၊ မြင်ပြီးလျှင်ပြ
အဓိပ္ပာယ်-
အဆင်းကိုမြင်သော အခါ မြင်ပြီးလျှင် ပြီးချင်း တဖန် မှတ်သိသောပုဂ္ဂို လ်သည် ထိုအဆင်းကို တပ်မက်မှု ကင်းလျက်သာ ခံစားသည်။ ထိုအဆင်းကို ၀ါးမျိုသကဲ့သို့ သိမ်းပိုက်မထားေ တာ့ပေ။ အဆင်းကို မြင်မှု ခံစားမှုဖြစ်သော် လည်း ကိလေသာဆင်းရဲ, ၀ဋ်ဆင်းရဲကို မဖြစ်စေဘဲ ကိလေသာဆင်းရဲ, ၀ဋ်ဆင်းရဲကို ဖျက်ဆီးလျက်သာ ဖြစ်နေတော့သည်။ ကိလေသာဆင်းရဲ, ၀ဋ်ဆင်းရဲကို ဖျက်ဆီးလျက်သာ ဖြစ်-ဖြစ်သွားအောင် မြင်ပြီးလျှင် မြင်ပြီးခြင်း ရှုမှတ်နေသူများ နိဗ္ဗာန်နှင့် နီးနေသူ နိဗ္ဗာန်ကို မြင်တော့မည့်သူသာ ဖြစ်ပေသည်။
မာလုကျပုတ္တတ္ထေရဂါထာ အဋ္ဌကထာဖွင့်ပုံ
န သောရဇ္ဇတိ ရူပေသု၊ ရူပံဒိသွာ ပဋိဿတောတိ ယော ပုဂ္ဂလော ရူပံ ဒိသွာ အာပါထဂတံ ရူပါရမ္ပဏံ စက္ခုဒွါရိကေန ၀ိညာဏသန္တာနေန ဂဟေတွာ စတုသမ္ပဇည၀သေန သမ္ပဇာနကာရိတာယ ပဋိဿတော ဟောတိ၊ သော ရူပါရမ္ပဏေသု န ရဇ္ဇတိ ရာဂံ န ဇနေတိ၊ အညဒတ္ထု ၀ိရတ္တစိတ္တော ဝေဒေတိ၊ ရူပါရမ္မဏမှိ သမုဒယာဒိတော ယထာဘူတံ ပဇာနန္တော နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒန္တော တံ တတ္ထုပ္ပန္နဝေဒနဉ္စ ၀ိရတ္တစိတ္တော ဝေဒေတိ။
နဇ္ဈောသ တိဋ္ဌတီတိ တံ ရူပါရမ္မဏံ သမ္မဒေ၀ ၀ိရတ္တစိတ္တတာယ အဇ္ဈောသာယ န တိဋ္ဌတိ "ဧတံ မမ၊ ဧသောဟသ္မိ၊ ဧသော မေ အတ္တာ" တိ တဏှာမာနဒိဋ္ဌိဝသေန နာဘိနိဝိသတိ။ (ထေရဂါထာ- ၂-၃၀၃-၃၀၄)
နဇ္ဈောသ တိဋ္ဌတီတိ တံ ရူပါရမ္မဏံ သမ္မဒေ၀ ၀ိရတ္တစိတ္တတာယ အဇ္ဈောသာယ န တိဋ္ဌတိ "ဧတံ မမ၊ ဧသောဟသ္မိ၊ ဧသော မေ အတ္တာ" တိ တဏှာမာနဒိဋ္ဌိဝသေန
"န သော ရဇ္ဇတိ ရူပေသု၊ ရူပံ ဒိသွာ ပဋိဿတောတိ" အဆင်းကိုမြင်ပြီးလျှင် တဖန် အမှတ်ရသူသည် အဆင်းတို့၌ တပ်မက်မှု မဖြစ်ဆိုရာ၌ အဓိပ္ပာယ်ကား- ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ရူပံ၊ အဆင်းကို။ ဒိသွာ၊ မြင်ပြီး၍ မြင်ပြီးသော်။ အာပါထဂတံ၊ မျက်စိထဲ၌ ထင်ခြင်းသို့ ရောက်လာသော။ ၀ါ၊ ထင်ပေါ်လာသော။ ရူပါရမ္ပဏံ၊ အဆင်းအာရုံကို။ စက္ခုဒွါရိကေန၊ စက္ခုဒွါရ၌ ဖြစ်သော။ ၀ိညာဏသန္တာနေန၊ စိတ်အစဉ်ဖြင့် (ပဉ္စဒွါရာဝဇ္ဇန်း မှစ၍ တဒါရုံအဆုံးရှိေ သာ စက္ခုဒွါရိကစိတ် မြင်သိပီတိစိတ်ကို ဆိုလိုသည်။) ဂဟေတွာ၊ ယူပြီး သိပြီး၍၊ ယူပြီးသိပြီးသော်။ စတုသမ္ပဇည၀သေန၊ လေးပါးသော သမ္ပဇဉ်တို့၏အစွမ်းဖြင့်။ သမ္ပဇာညကာရိတာယ၊ မှန်စွာသိလျက် ဉပလေ့ရှိသည်၏ အဖြစ်ဖြင့်။ ပဋိဿတော၊ တဖန်အမှတ်ရသည်။ ဟောတိ၊ ဖြစ်၏။
သော၊ ထိုပုဂ္ဂိုလ်သည်။ ရူပါရမ္မဏေသု၊ အဆင်းအာရုံတို့၌ ။ နရဇ္ဇတိ၊ မတပ်မက်။ ရာဂုံ၊ တပ်မက်မှုကို။ န ဇနေတိ၊ မဖြစ်စေ။ အညဒတ္ထု၊ စင်စစ်သော်ကား။ ၀ိရတ္တစိတ္တော၊ တပ်မက်ကင်းသော စိတ်ရှိသည်ဖြစ်၍ ။ ဝေဒေတိ၊ အဆင်းအာရုံကို ခံစား၏။ ရူပါရမ္မဏမှိ၊ အဆင်းအာရုံ၌။ သမုဒယာဒိတော၊ ဖြစ်ကြောင်း သမုဒယ, ဖြစ်မှုသမုဒယစသော အားဖြင့်။ ၀ါ၊ ဖြစ်ကြောင်းသမုဒ ယ, ဖြစ်မှုသမုဒယအစရှိသော။ ယထာဘူတံ၊ အမှန်သဘောကို။ ၀ါ၊ ဟုတ်မှန်တိုင်းကို။ ပဇာနန္တော၊ သိလျက်။ နိဗ္ဗိန္ဒတိ၊ အဆင်း အာရုံအပေါ်၌ ငြီးငွေ့၏။ နိဗ္ဗိန္ဒန္တော၊ ငြီးငွေ့သည်ဖြစ် ၍ ငြီးငွေ့လျက်သာ။ တံ တတ္ထုပ္ပန္နဝေဒနဉ္စ၊ ထိုအဆင်းကို အစွဲပြု၍ ဖြစ်ပေါ်လာသော ဇော၌ပါသော ထိုဝေဒနာကိုလည်း ။ ၀ိရတ္တစိတ္တော၊ တပ်မက် ကင်းသော စိတ်ရှိလျက်။ ဝေဒေတိ၊ ခံစားလေ၏။
သော၊ ထိုပုဂ္ဂိုလ်သည်။
တဉ္စ နဇ္ဈောသ တိဋ္ဌတီတိ၊ ထိုမြင်ရသောအဆင်းကိုလည်း ၀ါးမျိုသကဲ့သို့ သိမ်းပိုက်၍ မတည်ဆိုရာ၌ အဓိပ္ပာယ်ကား။ တထာဘူတော စ၊ ထိုသို့တပ်မက်ကင်းသောစိတ်ဖြင့် ခံစားသည်ဖြစ်၍လည်း။ တံ ရူပါရမ္မဏံ၊ ထိုအဆင်းအာရုံကို။ သမ္မဒေ၀၊ ကောင်းစွာသာလျှင်။ ၀ိရတ္တစိတ္တတာယ၊ တပ်မက်ကင်းသော စိတ်ရှိသည်၏အဖြစ်ကြောင့်။ ၀ါ၊ စိတ်က မတပ်မက်လေသောကြောင့်။ အဇ္ဈောသာယ၊ ၀ါးမျိုသကဲ့သို့ သိမ်းပိုက်လျက်။ နတိဋ္ဌတိ၊ မတည်။ ဧတံ၊ ဤအဆင်းသည်။ မမ၊ ငါ၏ အဆင်းတည်း။ ၀ါ၊ ငါပိုင်တည်း။ ဧသော၊ ဤအဆင်းသည်။ အဟံ အသ္မိ၊ ငါဖြစ်၏။ ဧသော၊ ဤအဆင်းသည်။ မေ၊ ငါ၏။ အတ္တာ၊ အတ္တကောင်တည်း။ ဣတိ၊ ဤသို့။ တဏှာမာနဒိဋ္ဌိဝသေန ၊ တဏှာမာနဒိဋ္ဌိတို့ ၏ အစွမ်းအားဖြင့်။ နာဘိနိဝိသတိ၊ ရှေးရှုမသက်ဝင်။ ၀ါ၊ နှလုံးမသွင်း။
ဤအဖွင့် အဋ္ဌကထာ၌ "အာပါထဂတံ ရူပါရမ္မဏံ စက္ခုဒွါရိကေန ၀ိညာဏသန္တာနေန ဂဟေတွာ" ကို သတိပြုသင့်ပေသည် ။ ပဉ္စဒွါရာဝဇ္ဇန်း အစ ဇော တဒါရုံအဆုံးရှိေ သာ စက္ခုဒွါရိက၀ီထိစိတ်အားလုံးဖြင့် အဆင်းအာရုံကို မြင်ပြီးလျှင် ပြီးခြင်း (သမ္ပဇညလေးပါးဖြင့် မှန်စွာသိသောအား ဖြင့် တဖန်အမှတ်ရပါ) ဟု ဆိုလိုပေသည်။
ဤအဖွင့်သည် "စက္ခုဒွါရိက၀ိညာ ဏေန ဟိ မေ ဒိဋ္ဌမတ္တမေ၀ ဘ၀ိဿတီတိ သိက္ခိတဗ္ဗန္တိ အတ္ထော" ဟူသောဥဒါန်း ဗာဟိယသုတ်လာ ဒိဋ္ဌေဒိဋ္ဌမတံ္တ၏ ပထမအဖွင့်နှင့် သဘောတူပင် ဖြစ်ပေသည်။ မြင်ပြီးလျှင် (၀ါ) မြင်ပြီးတဲ့အခါ ထိုမြင်အပ်သော အဆင်းအပေါ်၌ တပ်မက်မှုမဖြစ်အောင် မည်သို့ကျင့်ရပါ မည်နည်း၊ မြင်လျှင် မြင်ရရုံမျှဖြစ် အောင် မည်သို့ အမှတ်သတိ ဖြစ်ရပါမည်နည်း- ဟု မေးဖွယ်ရှိပြန်၍ "စတုသမ္ပဇည၀သေန
သမ္ပဇာနကာရိတာယ ပဋိဿတော ဟောတိ" အမှန်သိ လေးမျိုးဖြင့် အမှန်ကို သိလိုက်ပါ။ ယင်းသို့သိလိုက် လျှင် တဖန် အမှတ်ရသူ ဖြစ်တာပါပဲ-ဟု ဆိုလိုသည်။
ဤတွင် သမ္ပဇညလေးပါးကို ဂ-ဃ-ဏ-န ခွဲခြားသိဖို့ လိုလာပေသည်။
(၁) အကျိုးရှိ-မရှိ ဆင်ခြင်သိသော သာတ္ထကသမ္ပဇဉ်။
(၂) အကျိုးရှိသော်လည်း သင့်လျော်-မသင့် လျော် ဆင်ခြင်သိသော သပ္ပါယသမ္ပဇဉ်။
(၃) ၀ိပဿနာအရာ၌ ၀ိပဿနာ၏ အာရုံကို ဆင်ခြင်သိသော ဂေါစရသမ္ပဇဉ်။
(၄) ရုပ်နာမ်တို့၏ သဘာဝလက္ခဏာ စသည်ကို
, ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်သည်ကို, မမြဲခြင်း စသည်ကို
သိသော အသမ္မောဟသမ္ပဇဉ်။
(၂) အကျိုးရှိသော်လည
(၃) ၀ိပဿနာအရာ၌ ၀ိပဿနာ၏ အာရုံကို ဆင်ခြင်သိသော ဂေါစရသမ္ပဇဉ်။
(၄) ရုပ်နာမ်တို့၏ သဘာဝလက္ခဏာ စသည်ကို
, ပုဂ္ဂိုလ်သတ္တ၀ါမဟ
သိသော အသမ္မောဟသမ္ပဇဉ်။
ဤသမ္ပဇဉ်လေးပါးတိ
သို့ဖြစ်သောကြော င့် ၀ိပဿနာ ရှုမှတ်နေသူများမှာ ဂေါစရသမ္ပဇဉ်နှင့်  အသမ္မောဟသမ္ပဇဉ်နှ စ်မျိုး ဖြစ်ဖို့သာ လိုအပ်ပေသည်။
ထိုသမ္ပဇဉ်နှစ်မျိုးတို့တွင်လည်း ဖြစ်ပေါ်လာတိုင်း သော အာရုံခြောက်ပါး တေဘူမကရုပ်နာမ်တ ရားတို့ကို မလွတ်တမ်း ရှုမှတ်ရမည်ကို သိထားပြီးဖြစ်သည့်ပြင် ရှုမှတ်လည်း ရှုမှတ်နေသည်ဖြစ် သောကြောင့် ဂေါစရသမ္ပဇဉ်လည်း ပြည့်စုံပြီးဖြစ်ပေသည်။
အရေးအကြီးဆုံးကား ရှုမှတ်လေသမျှ ၀ိပဿနာဇောစိတ်၏ အာရုံဖြစ်သော ရုပ်နာမ်တရားတို့ ၏ သဘောလက္ခဏာစသော ၀ိသေသလက္ခဏာ, အနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာ ဟူသော သာမညလက္ခဏာတို့ကို သိသော အသမ္မောဟသမ္ပဇဉ် ဖြစ်ရေးပင်ဖြစ်ေ ပသည်။
ထိုသမ္ပဇဉ်နှစ်မျ
အရေးအကြီးဆုံးကာ
ဂေါစရသမ္ပဇဉ် အသမ္မောဟသမ္ပဇဉ်
"ဧ၀ံ တာဝ ဒိဋ္ဌေ ဒိဋ္ဌေမတ္တံ ဘ၀ိဿတီတိ အာဒိနာ ဒိဋ္ဌာဒိဝသေန စတုဓာ တေဘူမကဓမ္မာ သင်္ဂဟေတဗ္ဗာ။ တတ္ထ သုဘသုခ နိစ္စ အတ္တဂ္ဂါဟ ပရီဝဇ္ဇနမုခေန အသုဘဒုက္ခာနိစ္စာန တ္တာနုပဿနာ ဒဿိတာတိ ဟေဋ္ဌိမာဟိ ၀ိသုဒ္ဓီဟိ သဒ္ဓိံ သင်္ခေပေနေ၀ ၀ိပဿနာ ကထိတာ-"
ဟု ဖွင့်ပြအပ်သော ဗာဟိယသုတ် အဋ္ဌကထာနှင့်အညီ တေဘူမကဓမ္မသုံးပါး၌ဖြစ်သော ၀ိပဿနာရှုထိုက်သော တရားတို့ကို နည်းမှန် လမ်းမှန် ၀ိပဿနာ ရှုမှတ်ပွားများလျှင် ဂေါစရသမ္ပဇဉ် အသမ္မောဟသမ္ပဇဉ် ပြည့်စုံ၍ မြင်ရုံမျှ ကြားရုံမျှ စသည်ဖြစ်နိုင်တော့သည်။
ဝိပဿနာ ရှုပွားထိုက်သော တေဘူမကဓမ္မဆိုရာ၌
မြင်အပ်သော အဆင်းစသည်၌ မြင်ရုံမျှစသည်ြ ဖစ်အောင် ကျင့်ရမည်ဟု မိန့်ဆိုထားသော ဤဗာဟိကသုတ်တော်အ ရ မြင်ဆဲ၊ ကြားဆဲ၊ နံဆဲ၊ စားဆဲ၊ ထိသိဆဲ၊ ကြံသိဆဲတို့၌ မြင်မှန်း၊ ကြားမှန်း၊ နံမှန်း၊ စားမှန်း၊ ထိသိမှန်း၊ ကြံသိမှန်း သိသိသွားအောင် ရှုမှတ်ရမည်။ ဤရှုမှတ်မှုသည် ဓမ္မနုပဿနာရှုမှတ် နည်း၌ အတွင်းဝင်ပေသည်။
ထိုမှတစ်ပါး မြင်ဆဲ၊ ကြားဆဲစသည်တို့အ ပြင် သွားနေဆဲ ရပ်နေဆဲ စသောအချိန်၊ ပူမှု အေးမှု စသည်နှင့် ထင်ထင်ရှားရှား တွေ့ဝကံနေဆဲအချိ န်၊ တပ်မက်စိတ် အခံခက်စိတ်စသည် ထင်ထင်ရှားရှာြး ဖစ်နေသောအချိန် စသည်တို့လည်း ရှိသေးရာ မည်သည့်အချိန်မဆို မလစ်လပ်စေဘဲ တရစပ် ရှုမှတ်ဖို့သာ လိုလေသည်။
ရှုမှတ်နေမှ မဂ်ဖိုလ်ရ
ယင်းသို့ မပြတ်ရှုမှတ်နေရာ မြင်သိဆဲမှာ မြင်သိနေမှန်းသိ အောင် ရှုမှတ်နေလျှင် မျက်စိနှင့် အဆင်းအာရုံက တခြား မြင်သိစိတ်က တခြား ကွဲကွဲပြားပြားသိသော နာမရူပပရိစ္ဆေဒဉာ ဏ်,မျက်စိရှိလို့  အရောင်အလင်းကလည်းရှိလို့ အဆင်းကလည်း ထင်လို့ မြင်အောင် ကြောင့်ကြစိုက် နှလုံးသွင်းမှုလည်းရှိလို့ မြင်သိမှုဖြစ်လာသ ည်ဟု သိသော ပစ္စယပရိဂ္ဂဟဉာဏ်တ ည်းဟူသော ဉာတပရိညာဖြစ်သည် မှစ၍ ၀ိပဿနာဉာဏ် အဆင့်ဆင့်အားဖြင့် သမ္မသနဉာဏ်မှ အနုလောမဉာဏ်တိုင်အောင်သော တီရဏပရိညာ,မဂ်ဉာ ဏ်-တည်းဟူသော ပဟာန ပရိညာတို့လည်း မုချဖြစ်ကြရလေသည်။
ထိုမှတစ်ပါး မြင်ဆဲ၊ ကြားဆဲစသည်တို့အ
ရှုမှတ်နေမှ မဂ်ဖိုလ်ရ
ယင်းသို့ မပြတ်ရှုမှတ်နေရာ
ဤသို့ သတိပဋ္ဌာန်ဒေသနာတော်အရ ကာယ, ဝေဒနာ, စိတ္တ, ဓမ္မတို့၌ မပြတ်ရှုမှတ်နေသူ အား ဘင်္ဂဉာဏ်ဖြစ်သည်မှစ၍ မြင်အပ်သောအဆင်း ၌ မြင်ရုံမျှ, ကြားအပ်သောအသံ၌ ကြားရုံမျှ စသည်သာ ဖြစ်တော့သည်။ မြင်ရုံမျှ, ကြားရုံမျှထက် ပိုမဖြစ်တော့ချေ ။
ဤ၌ မြင်ရုံမျှ, ကြားရုံမျှစသော သဘောကို ထင်ရှားအောင် ဖော်ပြရလျှင်- သဒ္ဒံ ပဌမစိတ္တေန၊ တီတံ ဒုတိယစေတသာ။ နာမံ တတိယစိတ္တေန၊ အတ္ထံ စတုတ္တစေတသာ- ဟူသော မဏိသာရမဉ္ဇူသာဋီကာ၌ ဆိုအပ်သည်နှင့်အ ညီ- မျက်စိဟူသော စက္ခုပသာဒ အကြည်ဓာတ်၌ အဆင်းအာရုံ ထင်လာသောအခါ ဘ၀င်္ဂစလန, ဘ၀င်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ၀ုဋ္ဌော, ဇော ၇-ကြိမ် တဒါရုံ နှစ်ကြိမ် (ရံခါ) ဘွင်-ဘွင်...အား ဖြင့် စက္ခုဝိညာဏ၀ီထိဖြ စ်၏။ ဤ၀ီထိစိတ်များသည် ပစ္စုပ္ပန် အဆင်းပရမတ်အာရုံ ကို အာရုံပြုလျက်ဖြစ်သည်။
ထို့နောက် ဘ၀င်မှထ၍ အတိတ်ဖြစ်သော ထိုအဆင်း ပရမတ်အာရုံကိုပင် အာရုံပြု၍ မနောဒွါရ၀ဇ္ဇန်း, ဇော ၇-ကြိမ် တဒါရုံ နှစ်ကြိမ် (ရံခါ) ဘွင်-ဘွင် ... အားဖြင့် တဒနုဝတ္တက သုဒ္ဓ မနောဒွါရိက ပထမ ကြံသိ ၀ီထိဖြစ်ပေါ်၏။
ဤ၀ီထိအခိုက်၌လည်း ကောက်ျား, မိန်းမစသော ပုံသဏ္ဌာန်ပညတ် မထင်ရှားသေးဘဲ အတိတ် အဆင်းပရမတ်အာရုံ ကိုပင် အာရုံပြုသော စိတ်အစဉ်သည်ဖြစ် ၏။
ထို့နောက် ဤနည်းအတူပင် ဒုတိယကြံသိ ၀ီထိစိတ်အစဉ် ဖြစ်ပြန်သည်။ ဤ၀ီထိစိတ်အစဉ်၌ ယောက်ျားပဲ, မိန်းမပဲ စသော ပုံသဏ္ဌာန်ပညတ်များ ပေါ်လာသည်။
ထို့နောက် ဤနည်းအတူပင် တတိယကြံသိ ၀ီထိစိတ်အစဉ် ဖြစ်ပေါ်လာပြန်သည်။ ဤ၀ီထိစိတ်အစဉ်၌ ယောက်ျားပဲ, မိန်းမပဲ စသော အမည်ပညတ်များ ပေါ်လာတော့သည်။
ဤမှ နောက်၌ မုန်းစရာ ချစ်စရာ စသည်ဖြင့် အမျိုးမျိုး စိတ်ကူးကြံစည်သော ၀ီထိစိတ်များ ဖြစ်ပေါ်လာတတ်ကြသ ည်။
ဤမှ နောက်၌ မုန်းစရာ ချစ်စရာ စသည်ဖြင့် အမျိုးမျိုး စိတ်ကူးကြံစည်သေ
ဖော်ပြပါ ၄-၀ီထိတွင် ဒုတိယ, တတိယ ကြံသိဝီထိစိတ်များဖြင့် ပုံသဏ္ဌာန်ပညတ်,အ မည်ပညတ်ကို သိသွားခြင်းသည် ထင်လာသော အဆင်းအာရုံ၏ အမှန်သဘောကို မသိမှု မောဟကြောင့်ဖြစ် လေသည်။ ၀ိပဿနာမပြတ် ရှုမှတ်နေသော ပုဂ္ဂိုလ်မှာ ထိုနှစ်ဝီထိ ဖြစ်သည်အထိ မရောက်တော့ဘဲ အစဦးဖြစ်သော စက္ခုဝိညာဏ၀ီထိစိ တ်လောက်သာ ဖြစ်တော့သည်။
ဤ၀ီထိစိတ်မျှသာ ဖြစ်သည်ကို ရည်ရွယ်၍ "စက္ခုဒွါရိက၀ိညာ ဏေန ဟိ မေ ဒိဋ္ဌမတ္တမေ၀ ဘ၀ိဿတီတိ သိက္ခိတဗ္ဗန္တိ အတ္ထော" ဟု ဗာဟိယသုတ်အဖွင့် နှာ-၈၁၌၎င်းင်း၊ "အာပါထဂတံ ရူပါရမ္မဏံ စက္ခုဒွါရိကေန ၀ိညာဏသန္တာနေန ဂဟေတွာ စတုသမ္ပဇည၀သေန သမ္ပဇာနကာရိတာယ ပဋိဿတော ဟောတိ" ဟု မာလုကျပုတ္တထေရ၀ါ အဖွင့် (ဒုတွဲ-နှာ-၃၀၄) ၌၎င်းင်း အရှင်ဓမ္မပါလဆရာ မိန့်ခဲ့ပေသည်။
ထို့ပြင် စက္ခုဝိညာဏ၀ီထိမှ
အဘယ့်ကြောင့်ဆို သော် ဤပထမ ကြံသိ ၀ီထိစိတ်အစဉ်တို့ သည်လည်း ပုံသဏ္ဌာန်ပညတ်, အမည်ပညတ်များကို အာရုံမပြုသေးဘဲ အဆင်းပရမတ်မျှကိုသာ အာရုံဉပသည်ဖြစ်၍ ရဇ္ဇန, ဒုဿန တပ်မက်ခြင်း, မုန်းခြင်း မဖြစ်နိုင်သေြာေ ကာင့်ပေတည်း။
ဤ၌ အထူးဆိုဖွယ်ရှိသ ည်ကား အဆင်းကို မြင်သောအခါ စ စဦး စက္ခုဒွါရိက၀ိညာဏ ၀ီထိမျှသာ ဖြစ်အောင်၊ သို့မဟုတ် ပထမ ကြံသိ ၀ီထိတိုင်ရုံမျှ ဖြစ်အောင် ထားနိုင်ရန် နေနိုင်ရန်မှာ လွယ်ကူသည် မဟုတ်ပေ။
ဖော်ပြခဲ့သော ထေရဂါထာအဋ္ဌကထာအရ စက္ခုဒွါရိကစိတ်ြ ဖင့် အဆင်းအာရုံကို ယူပြီး မြင်ပြီးမှ တန့်ရပ်၍ ဂေါစရသမ္ပဇဉ်, သတ္ထကသမ္ပဇဉ်ဖြစ်ေ အာင် လုပ်နေ၍လည်း မဖြစ်တော့ပေ။
ထို့ကြောင့် ၀ိပဿနာမပြတ် ရှုမှတ်နေသူမှသာ ဘင်္ဂဉာဏ် စသည်ဖြစ်သောအခါ မြင်လေသမျှ,
ကြားလေသမျှ စသည်တို့သည် မြင်ရုံမျှ, ကြားရုံမျှ စသည်တို့သာ ဖြစ်ကြတော့သည်။ ခေတ္တခဏမျှ လေ့ကျင့်ရုံမျြှ ဖင့်၎င်း, ပြောရုံမျှဖြင့် ၎င်းလုံးဝဖြစ်နိုင် သော အရာမဟုတ်ဟု သန္နိဋ္ဌာန်ကျ မှတ်ယူသင့်ကြပေသ ည်၊ မှတ်ယူကြလေ။
ကြားလေသမျှ စသည်တို့သည် မြင်ရုံမျှ, ကြားရုံမျှ စသည်တို့သာ ဖြစ်ကြတော့သည်။ ခေတ္တခဏမျှ လေ့ကျင့်ရုံမျြှ
ထို့ပြင် ဗာဟိယသုတ် ဒုတိယနည်း အဖွင့်အရ၎င်း, ၀ိသုဒ္ဓိမဂ်အဋ္ဌကထာ ဣန္ဒြိယသံဝရသီလ စောင့်စည်းပုံကို ၀ီထိဖြင့် ပိုင်းခြားပြရာ အရအားဖြင့်၎င်း စက္ခုဒွါရိကစိတ်အ စဉ်တွင် ၀ုဋ္ဌောအထိ စိတ်များ၌ တပ်မက်မှုစသည် မဖြစ်သေးသလို တပ်မက်မှုမဖြစ်သော ဇောစိတ်အစဉ်ကို ဖြစ်စေမည်, ထားမည်ဟု ကျင့်ရမည် ဆိုသည်မှာလည်း ၀ုဋ္ဌောအထိ စိတ်အစဉ်ဖြစ်ပြီးမှ ယင်းစိတ်အစဉ်ကဲ့ သို့ ဇောကို တမင်ဖြစ်အောင် လုပ်ဖို့ ပြောလိုသည်မဟုတ် ၊ ပြောလို့လည်းမဖြ စ်၊ လုပ်လို့လည်း မရပေ။
…………………_______… ……
ဆက်လက်ဖော်ပြပါမ ည်။
ဆက်လက်ဖော်ပြပါမ
No comments:
Post a Comment