Tuesday, July 14, 2015

သာသနာကိုဖျက်စီးနေသူ

သမ္မာသမ္ဗုဒ္ဓဘာသိတတရားတော်
‬°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

‘‘ယေ တေ, ဘိက္ခဝေ, ဘိက္ခူ အဓမ္မံ ဓမ္မောတိ ဒီပေန္တိ တေ, ဘိက္ခဝေ, ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ, ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ, ဘိက္ခဝေ, ဘိက္ခူ အပုညံ ပသဝန္တိ, တေ စိမံ[တေပိမံ (သီ။)] သဒ္ဓမ္မံ အန္တရဓာပေန္တီ’’တိ။ တေတ္တိံသတိမံ။(အံl၁l၁၈)
‘‘ယေ တေ, ဘိက္ခဝေ, ဘိက္ခူ ဓမ္မံ အဓမ္မောတိ ဒီပေန္တိ တေ, ဘိက္ခဝေ, ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ, ဗဟုနော အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ, ဘိက္ခဝေ, ဘိက္ခူ အပုညံ ပသဝန္တိ, တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တီ’’တိ။ စတုတ္တိံသတိမံ။(အံl၁l၁၈-၁၉)

ရဟန်းတို့!!!! အကြင်ရဟန်းတို့သည်အဓမ္မကို ဓမ္မဟုထင်ရှားပြကုန်၏။ရဟန်းတို့ထိုရဟန်းတို့သည် လူအများ၏ အစီးအပွားမဲ့ခြင်းငှာ လူအများ၏ အကျိုးမဲ့ခြင်းငှာနတ်လူတို့၏ အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ထိုရဟန်းတို့သည် များစွာသောအကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏။ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်းကွယ်ပျောက်စေသည် မည်ကုန်၏။

ရဟန်း"!!!!!အကြင်ရဟန်းတို့သည် ဓမ္မကိုအဓမ္မဟု ထင်ရှားပြကုန်၏။ရဟန်းတို့ထိုရဟန်းတို့သည် လူအများ၏ အစီးအပွားမဲ့ခြင်းငှာ လူအများ၏ အကျိုးမဲ့ခြင်းငှာနတ်လူတို့၏ အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ထိုရဟန်းတို့သည် များစွာသောအကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏။ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်းကွယ်ပျောက်စေသည် မည်ကုန်၏။‪

#‎သာသနာကိုဖျက်ဆီးနေသူ‬_______________________ဒုပ္ပဋိပန္နော ဟိ သာသနံ ဘိန္ဒန္တော သတ္တုဓမ္မသရီရေ ပဟာရံ ဒေတိ နာမ။(ဥဒါနအဋ္ဌကထာ-၈၇)သာသနာ့မဏ္ဍိုင်ကြီး (၄)ရပ်ဟူသော ဝိနယ(၄)ပါးနှင့် မညီညွတ်သော ကျင့်စဉ် ပဋိပတ်ကိုကျင့်နေသောသူကား ဒုပ္ပဋိပန္နပုဂ္ဂိုလ် မည်၏။တစ်နည်းဆိုသော် သံသရာဝဋ်ဆင်းရဲဒုက္ခမှထွက်မြောက်ခြင်း၏ အကြောင်းရင်းစစ်ဖြစ်သောသုတ္တအမည်ရသော ပိဋကပါဠိတော်နှင့်ညီညွတ်နေသော သာသနဓမ္မ အမည်ရသောဘုရားရှင်၏ အဆုံးအမကို ကောင်းမွန်ရိုသေစွာ မကျင့်သောသူသည် ဒုပ္ပဋိပန္နပုဂ္ဂိုလ် မည်၏။ယင်း ဒုပ္ပဋိပန္နပုဂ္ဂိုလ်သည်ကား ဘုရားရှင်၏သာသနာတော်ကို ဖျက်ဆီးနေသူ မည်၏။ဘုရားရှင်၏ သာသနာတော်ကို ဖျက်ဆီးလျက်ဘုရားရှင်၏ တရားတည်းဟူသော ခန္ဓာအိမ်၌စော်ကား ပုတ်ခတ်မှုကို ပေးနေသည် မည်၏။ဤကား အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းတည်း။

အန္တရာယ်(၅)ပါး

‪#‎အန္တရာယ်‬(၅)ပါး
••••••••••••••••••••‪
#‎ကာမ္မန္တရာယ်‬★
မာတုဃာတကစသော ပဉ္စာနန္တရိယကံနှင့်ဘိက္ခုနီမ၌ မိစ္ဆာစာရကျူးလွန်မှု အကုသိုလ်ကံသည် ကမ္မန္တရာယ်နည်၏။ပဉ္စနန္တရိယကံထိုက်သူမှာ ဈာန် မဂ် ဖိုလ်သာမက,နောက်ဘဝ၌ သုဂတိကိုပင် ရခွင့်မရှိဘိက္ခုနီမ၌ မိစ္ဆာစာရပြုသူကား ဈာန် မဂ်ဖိုလ်သာ မရသည်l ကောင်းမွန်စွာ နေထိုင်လျှင်သုဂတိဘဝကား ရနိုင်သေး၏ ။‪
#‎ကိလေသန္တရာယ်‬★
ကိလေသာ(၁၀)ပါးတွင် ပါဝင်သောနိယတမိစ္ဆဒိဋ္ဌိသည် ကိလေသန္တရာယ်မည်၏။ဤနိယတမိစ္ဆာဒိဋ္ဌိအယူရှိသူများလည်းတမလွန်ဘဝ၌ သုဂတိဘဝကိုမျှ ရခွင့်မရှိlဥဘတောဗျည်း ပဏ္ဍုက်များလည်းလွန်ကဲသော ကိလေသာရှိကြသည့်အတွက်ဝိပါကန္တရာယ်၌ မသွင်းဘဲ ဤကိလေသန္တရာယ်၌ ဝိသုဒ္ဓိမဂ်သွင်းသည်။
‪#‎ဝိပါကန္တရာယ်‬★
အဟိတ် ဒွိဟိတ်ပဋိသန္ဓေဝိပါက်စိတ်သည်ဝိပါကန္တရာယ်မည်၏။ညံ့ဖျင်းသောမျိုးစေ့ မအောင်မမြင် ပေါက်ခဲ့ရသောသစ်ပင်သည် မည်မျှလောက်ပင်ရေစင်သွန်းလောင်းအပ်သော်လည်းကြီးကျယ်မြင့်မားဖွံ့ထွားဖို့ရာ မျှော်လင့်ဖွယ်မရှိရတော့သကဲ့သို့,ထို့အတူ ညံ့ဖျင်းသောကံကြောင့် အဟိတ် ဒွိဟိတ် ပဋိသန္ဓေနေခဲ့ရသူမှာ မျိုးစေ့ဖြစ်သော ပဋိသန္ဓေဝိပါက်ကိုကမအောင်မြင်သောကြောင့် ထိုဘဝ၌ ဈာန် မဂ်ဖိုလ်တရားဖြင့် စည်ကားဖို့မရှိတော့lကောင်းမွန်စွာ ကျင့်ပါမူ တမလွန်၌ သုဂတိဘဝကိုကား ရနိုင်ပါသေး၏ ။‪
#‎အရိယူပဝါဒန္တရာယ်‬★
အရိယာပုဂ္ဂိုလ်မှန်း သိသည် ဖြစ်စေ,မသိသည်ဖြစ်စေ ယုတ်မာသော စိတ်ထားဖြင့် အရိယာပုဂ္ဂိုလ်ကို စွပ်စွဲ ကဲ့ရဲ့ခြင်းသည်အရိယူပဝါဒန္တရာယ်မည်၏ ။နတ်ရွာ နိဗ္ဗာန် မဂ် ဖိုလ် ဈာန်၏ အန္တရာယ်ဖြစ်၏l ထိုပုဂ္ဂိုလ်မရှိလျှင် သင့်လျော်သောလူကြီးသူမ သံဃာများသို့ သွား၍ အကျိုးအကြောင်း ပြောပြတောင်းပန်လျှင်(အယုတ်သဖြင့် ထိုပုဂ္ဂိုလ်၏ သချူင်္ိင်းသို့သွား၍ တောင်းပန်လျှင်) အန္တရာယ် ပြေပျောက်နိုင်၏l ကောင်းမွန်စွာ ကျင့်ကြံနေထိုင်သူများကိုလည်း မပြစ်မှားမိစေရ,အရိယူပဝါဒကံတမျှအပြစ်ကြီးလေးလှ၏ ။‪
#‎အာဏာဝီတိက္ကမန္တရာယ်‬★
"သဉ္စိစ္စ အာပန္နာ အာပတ္တိယော အာဏာဝီတိက္ကမန္တရာယော နာမ" ဟူသောအရိဋ္ဌသိက္ခာပဒဋ္ဌကထာနှင့်အညီ, လွန်ကျူးလိုသောစေတနာဖြင့် သင့်ရောက်အပ်သောအာပတ်သည် အာဏာဝီတိက္ကမန္တရာယ်မည်၏။"ဘုရားရှင်၏ အာဏာတော်ကို ကျူးကျော်စော်ကားခြင်း" ဟူလိုlပါရာဇိက အပြစ်သင့်လျှင်လူမထွက်သမျှ, သံဃာဒိသေသ်အပြစ်သင့်လျှင် ပရိဝါသ် မာနတ်မဆောက်တည်သမျှ,ကြွင်းသောအာပတ်အပြစ်သင့်လျှင် ဒေသနာမကြားသမျှ(တစ်ပါးသောရဟန်းအား အပြစ်သင့်မိကြောင်းကို မပြောပြသမျှ)ထိုအန္တရာယ်မှ မကင်းလွတ်l ထိုအန္တရာယ်မကင်းက သုဂတိဘဝနှင့် ဈာန်မဂ်ဖိုလ်ကိုရဖို့ရာ အခွင့်မရှိတော့ချေ l ဤဘဝမှ စုတေလျှင် အပါယ်လေးပါးသို့သာ သွားကြရလိမ့်မည် lဤအချက်အလက်ကို စဉ်းစားမိကြသဖြင့် စာပေကျွမ်းကျင်သောပုဂ္ဂိုလ်အများပင်မိမိတို့ စိတ်ကို မနိုင်၍ လူ့ဘောင်မှာနေထိုင်ကြလေပြီ ။

အာဏာဝီတိက္ကမမဖြစ်*********************
သို့သော် ပုထုဇဉ်အလိုက် စိတ်ကိုမထိန်းနိုင်၍အပြစ်သင့်ပြီးနောက် ဆိုင်ရာဝိနည်းလမ်းကြောင်းဖြင့် ကုစားပါလျှင် ထိုအပြစ်များကင်းစင်စေနိုင်သောကြောင့် ထိုအာဏာဝီတိက္ကမအမှုကို မပြုမိအောင်လည်း စောင့်စည်း၍,မတော်တဆ ပြုမိပြန်လျှင်လည်း ဆိုင်ရာဝိနည်းကံအရ ကုစား၍ သဒ္ဓါတရားဖြင့် နေထိုင်သူမှာ ထိုအန္တရာယ်မှ ကင်းရှင်းနိုင်ပါ၏ lနတ်ရွာ နိဗ္ဗာန် မဂ် ဖိုလ် ဈာန်ကို မတားမြစ်ပါlထို့ကြောင့် သူတော်ကောင်းစိတ် ရှိပါလျှင်သာသနာတော်၌သာ ပျော်ပျော်ကြီး နေထိုက်ပါသည်။

ရသေ့ဘဝ လူ့ဘဝ*
********************တချို့ ပုဂ္ဂိုလ်များက ယခုကာလ၌ အာပတ်မသင့်အောင် နေထိုင်ခြင်းငှာ ခဲယဉ်းလှသဖြင့်ရသေ့ဘဝနှင့် တရားအားထုတ်လိုကြ၏ lတရားအားထုတ်လို့ မရနိုင်တဲ့ အာပတ်သည်တကယ်လွန်ကျူးလို၍ သင့်တဲ့အာပတ်မျိုးဖြစ်၏ l မတော်တဆ သင့်တဲ့အာပတ်မှာတရား၏ အနှောက်ယှက် မဖြစ်lသံဃဘေဒကက္ခန္ဓာကပါဠိတော် အရှင်ဒေဝဒတ်၏ နောက်လိုက်ရဟန်းတို့မဂ်ဖိုလ်မရခင် ထုလ္လစ္စယအာပတ် သင့်နေပုံကိုထောက်ပါ l တကယ်လွန်ကျူးလိုတဲ့ စေတနာရှိနေသေးလျှင် ရသေ့ဘဝမှာလည်း တရားမရနိုင်ပါl တရားမရလျှင် ရှိပါစေတော့,အာပတ်နှင့်သေလျှင် အပါယ်သို့ သွားရမည်ဖြစ်၍ရသေ့ဘဝဖြင့် နေလိုသည်ဟု ရိုးမယ်ဖွဲ့အံ့lစိတ်နေစင်ကြယ်ပါလျှင် မတော်တဆ မသိလိုက်ဘာသာသင့်နေသော အာပတ်ကအပါယ်မချနိုင်ပါl စိတ်နေ မစင်ကြယ်ပါမူ ရသေ့ဘဝလူ့ဘဝမှာကော သက်သာမည်တဲ့လော ။

စိတ်စင်ကြယ်ခြင်းသာ ပဓာန*******************************ဘုရားရှင်လက်ထက်တော်တုန်းက အမျိုးကောင်းသားကလေးတစ်ယောက် သာသနာ့ဘောင် ဝင်ရောက်လာရာ ဆရာဥပဇ္ဈာယ်များက"သည်လိုမနေကောင်းဘူး,သည်လိုမစားကောင်းဘူး"စသည်ဖြင့် ဝိနည်းလမ်းအရအမျိုးမျိုး ဆုံးမကြသောကြောင့် မလှုပ်သာမလှည့်သာနှင့် လွန်စွာကြပ်တည်းကျဉ်းမြောင်းလျက် အနေအထိုင် ခက်သည့်အတွက်လူထွက်လိုသော ဆန္ဒရှိကြောင်းကို ဘုရားရှင်သိတော်မူ၍"စိတ်တစ်မျိုးတည်းကိုသာစင်ကြယ်အောင် စောင့်စည်းလေ" ဟုမိန့်တော်မူ၏ l ဘုရားရှင်၏ အမိန့်တော်အရ စိတ်ကိုစောင့်စည်းလိုက်သောအခါ များစွာသောအာပတ်တွေ အလိုလို စောင့်စည်းပြီးဖြစ်သည်ကို သိရ၍ ကြည်လင်ရွှင်ပျလျက် တရားထူးကွှိုရလေသည်l ထို့ကြောင့် မိမိစိတ်က စင်ကြယ်နေပါလျှင် သာသနာတော်မှာ အနေအထိုင်မကြပ်လှသောကြောင့် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်တော်မူပြီးမှတည်ထောင်တော်မူအပ်သော သာသနာတော်နှင့် တွေ့ကြုံရတဲ့အခါ တွေ့ကြုံရကျိုးနပ်အောင် သဒ္ဓါတရားဖြင့် ကြိုးစားစောင့်စည်းလျှင်အာဏာဝီတိက္ကမန္တရာယ်ဘေးမှ ကင်းဝေးလွတ်မြောက်၍ သုဂတိဘဝနှင့် ဈာန် မဂ် ဖိုလ်များကို ပေါက်ရောက်နိုင်ပါသည် ။

{မေတ္တာဖြင့် ဘာသာဋီကာဆရာတော်အားဦးခိုက်၍ ထုတ်နှုတ်ပူဇော်ပါသည်။}