Saturday, December 26, 2015

အဘိဓမ္မာကိုတိုက်ခိုက်နေသောအဓမ္မသမားများဖတ်ရန်

#‎အဘိဓမ္မာကိုဘုရားရှင်အမှန်တစ်ကယ်ဟောတယ်မှတ်‬★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

အဘိဓမ္မာနှင့်ပါက်သက်၍I.I.A (အဘိဓမ္မတက္ကသိုလ်)မှ ဆရာမတစ်ဦး၏ မေးမြန်းလျှောက်ထားချက်အားပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ မှပြန်လည် ရှင်းလင်းဖြေကြားခြင်းအဘိဓမ္မာ ဘုရားဟော ဟုတ် မဟုတ် ဘုရား ဟော မဟောဆိုတဲ့ပြဿနာက ဒီ ကိုယ်ရင်စက္ကိံဒ အမည်ခံတဲ့သူကျမှ အသစ်အဆန်း မဟုတ်ပါဘူး။ရှင်မဟာဗုဒ္ဓဃောဿ တို့ လက်ထက်ထဲက အဘိဓမ္မာကိုဘုရားဟောမဟုတ်ဖူးလို့ ဆိုခဲ့တဲ့ ပုဂ္ဂိုလ်တွေ ပေါ်ခဲ့ဖူးတာ အဋ္ဌသာလိနီ အဋ္ဌကထာ နိဒါန်းကို ကြည့်ရင်သိနိုင်ပါတယ်။ အဲတော့ ဘုရားဟောမဟုတ်ဖူးလို့ ပြောတဲ့ပုဂ္ဂိုလ်မှာ ခိုင်လုံတဲ့သက်သေရှိဖို့တော့လိုအပ်တယ်ပေါ့။ ဟောတယ်ဆိုတဲ့ပုဂ္ဂိုလ်ကလည်း ခိုင်လုံတဲ့သက်သေ ပြရမယ်။ ဘာလို့တုန်းဆိုရင် အခုပြောနေကြတဲ့ပုဂ္ဂိုလ်တွေဟာ ဘုရားကို မှီခဲ့တဲ့ပုဂ္ဂိုလ်တွေ မဟုတ်လို့ပဲ။ မဟုတ်ကြသည့်အတွက်ကြောင့် တစ်ခါတုန်းက ဘုန်းကြီးက အနောက်တိုင်းမှာသွားပြီးတော့ အဘိဓမ္မာသင်တန်းပို့ချရင်း အဋ္ဌကထာတွေနဲ့ပါက်သက်တဲ့အနောက်တိုင်း အယူအဆတစ်ရပ်ကို criticise လုပ်ခဲ့ဖူးတယ်။ အနောက်တိုင်းက စကောလာ အမည်ခံတဲ့သူအချို့က အဋ္ဌကထာတွေကိုငြင်းပယ်တယ်၊ မမှန်ဘူး။ နောက်မှ ရေးတာတွေလို့ သူတို့က ပြောကြတယ်လို့။အဲလို ပြောကြတဲ့ သူတွေမှာ အဋ္ဌကထာ ဘယ်နှစ်အုပ် ဖတ်ဖူးသလဲ၊ အနည်းဆုံးအနှောင့်လေးတောင် မဖတ်ဖူးပဲနဲ့ အဋ္ဌကထာတွေကို ဘာ ညာ ဒီလိုပြောတာကတော့ မသင့်ဘူးပေါ့၊ ပြောချင်လို့ရှိရင် ပြောလို့ရပါတယ်၊ဘယ်လိုပြောရမလဲ။ လေ့လာ ၊ အဋ္ဌကထာ စာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ်လေ့လာ၊ လေ့လာပြီးရင် ဘယ်အချက်က မှားတယ် ဘယ်အချက်က မှန်တယ်။ဘာကြောင့်မမှန်တာလဲ၊ ဘာနဲ့တိုင်းတာပြီး ပြောတာလည်းဆိုတာကိုယ်ကခိုင်ခိုင်လုံလုံ ပြောနိုင်ရမယ်။ အဲလို မပြောနိုင်ပဲနဲ့ အဋ္ဌကထာလည်း တစ်အုပ်မှမဖတ်ဖူးပဲနဲ့ အဲလိုပြောတာကြတော့ ဒီလိုပုဂ္ဂိုလ်တွေရဲ့စကားတွေက အရာရောက်တဲ့စကားတွေတော့ မဟုတ်ဖူးပေါ့နော်။ အခုလည်းပဲ အဘိဓမ္မာ ဘုရားဟော မဟုတ်ဖူးဆိုတဲ့ငြင်းဆိုတဲ့ပုဂ္ဂိုလ်တွေဟာ ဘာတုန်းဆိုရင် နိဒါန်း မပါလို့ ဆိုတဲ့အကြောင်းပြချက်တစ်ခုရှိတယ်။ အနောက်တိုင်းကလည်း မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ၀ါဆိုစဉ်တွေကြည့်လိုက်ရင် ဒိပြင် ၀ါဆိုစဉ်တွေကို ရှာလို့ ရတယ်။(၇) ၀ါမြောက် ဘယ်နေသလဲ ဆိုတာ ပျောက်နေတယ်။ ဒီပျောက်တာလည်းခပ်ဆန်းဆန်းပဲ ခရစ်တော်လည်း (၁၇) နှစ်ပျောက်တာရှိတယ်။ အဲဒီ ပျောက်တာဘာလို့ ပျောက်နေလည်းဆိုတော့ တာဝတိံသာနတ်ပြည် ဒါက နတ်ပြည်မယုံတဲ့ပုဂ္ဂိုလ်ကတမင်ဖျောက်ထားတာလေ။ ဒီ traditional အနေနဲ့က ဒီ ခုနှစ်ဝါမြောက် နတ်ပြည်မှာဝါဆိုတာရှိတယ်။ ဒီအဋ္ဌကထာတို့ ဋီကာတို့ဆိုတာtraditional လို့ ခေါ်တယ်။ အစဉ်အလာ ဒီအတိုင်းပဲ သင်ကြားပို့ချလာခဲ့တာစဉ်ဆက်မပျက် သင်ကြားပို့ချလာသည့်အတွက်ကြောင့် ဒီ အဋ္ဌကထာစကားတွေကိုအားလုံးကို မှားတယ်လို့ ပြောလို့မရဘူး။ မှားတယ်လို့ ပြောချင်ရင် ပြောလို့ရတာရှိတယ်။ ဘယ်လိုပြောရမလည်း။ ဘယ်ပါဠိတော်နဲ့ မကိုက်ဖူး၊ ဘယ်ဟာနဲ့ ဆန့်ကျင်နေတယ်၊ ဘုရားဟောစကားနဲ့ဆန့်ကျင်နေတယ် ပြောလို့ရတယ်၊ အဲလိုပြောရင် လက်လည်း လက်ခံ၇မယ်။ အဋ္ဌကထာကိုပြောထားတာ ကြားဖူးကြလားတော့ မသိဘူး၊ ဘုန်းကြီးတစ်ခု ပြောပြမယ်။မန္တလေးက အဘယာရာမကျောင်းတိုက် ဆိုတာရှိတယ်။ အဘယာရာမ ဆရာတော်ဘုရားကြီးဆိုတာ ပါဠိ၊ သက္ကဋ စွယ်စုံတတ်တဲ့ဆရာတော်ကြီး၊အင်မတန်မှ စာတတ်တယ်။ ပါဠိသဒ္ဒါကျမ်းတွေထဲက အခက်ဆုံးမောဂ္ဂလာနဗျာကရဏကျမ်း ဆိုတာ၇ှိတယ်။ အဲဒီကျမ်းကို နိဿယ ရေးတယ်။အဲဒီ နိဿယ ရေးတဲ့ထဲမယ် ရှေ့ပိုင်းကအယူအဆ မှားတာတွေကို အကုန်လုံးတည့်မတ်ပေးသွားတယ်။ အဲဒီထဲမယ် ဆရာတော်ကြီးက အဋ္ဌကထာ စကားတစ်ခုကိုဝေဖန်ထားတာ ရှိတယ်။ ဒီလိုဝေဖန်တာကျတော့ လက်ခံနိုင်တယ်။ဘာဝေဖန်ထားတုံးဆိုတော့ သူရေးထားတဲ့ စကားလေးအတိုင်း အတိအကျမဟုတ်ပေမဲ့ အဓိပ္ပါယ်အတူတူပဲ။ ဘယ်လိုပြောတုန်းဆိုတော့ အဋ္ဌကထာမှာ ပါတယ်ဆိုပေမဲ့လို့တဲ့ အကုန်လုံးမှန်တယ်လို့တော့ မယူဆနဲ့တဲ့။ အဋ္ဌကထာဆရာကြီးတွေလည်းပဲ တစ်ခါတစ်ရံတော့ အမှားကို ဖွင့်မိတတ်သေးတယ်တဲ့။မှားနေတဲ့ ပါဠိ၊ စကားလုံးက မှားနေတာရှိတယ်၊ spelling မှားသွားတာလည်းရှိတယ်၊ spelling မှားရင် အဓိပ္ပါယ်ကမှားသွားတတ်တယ်လေ။ ဥပမာမယ်smile လို့ ရေးရမဲ့ အစား S လေးပြုတ် နေရင် mile လို့ေ၇းလိုက်ရင် မိုင်ဖြစ်သွားမှာပေါ့။ mile လို့ ရေးတဲ့ အခါမှာ S လေးထဲ့မိပြီး smile လို့ ရေးရင်အပြုံး ဖြစ်သွားမှာပေါ့။ စကားလုံးလေးတစ်လုံး ကျသွားတာနဲ့ အဓိပ္ပါယ်ကပြောင်းသွားတာရှိတယ်။ ဘယ်ဘာသာမဆို ဒီအတိုင်းပဲရှိတယ်။ ဗမာဆိုပိုဆိုးသေးတယ်။ ၀စ္စပေါက်လေးတစ်လုံးပျောက်သွားတာနဲ့တစ်မျိုး၊ပိုလာရင် တစ်မျိုး၊ ဒါက ဗမာစကားမှာလည်းရှိတာပဲ။ အဲမှာ ဆရာတော်ကြီးကဝေဖန်ပြထားတာကို ဘုန်းကြီးတို့ ဖတ်ကြည့်မိဖူးတယ်။ အဋ္ဌကထာဆရာကြီးများပင်ရံဖန်ရံခါ ပုဒ်၊ပါဒ်မှားကို ဖွင့်မိတတ်ကြသည် ဆိုပြီးတော့ အင်္ဂုတ္တရနိကာယ် ၀ိသာကုဗောသထ သုတ်ထဲမှာ ဆပ်ပြာ သုံးမျိုးအကြောင်း၊ အ၀တ်ညစ်နွမ်းနေလို့ရှိရင် ရှေးက ဆပ်ပြာတွေနဲ့ ဖွပ်ရတယ်ပေါ့၊ ခုခေတ် ဆပ်ပြာတွေလို ၇ယ်ဒီမိတ်မဟုတ်ဖူး။ စံနစ်တကျ ဖော်စပ်ထားတာ မဟုတ်ဖူး၊ သဘာဝဆပ်ပြာ၊ အညာမှာ၇ှိတယ်ပေါ့။ မြေက ပေါက်တဲ့ဆပ်ပြာ၊ အဲဒီမှာ “ဦသ” ဆိုတဲ့ ဆပ်ပြာဆိုတာရှိတယ်၊“ဦသ” ဆိုတဲ့ ဆပ်ပြာက မြေကနေ ပေါက်လာပြီးတော့ အမှုန့် တွေဖြစ်လာတယ်၊အခုခေတ်မှာလည်း အညာမှာ သုံးကြတယ်လေ ဆပ်ပြာကြမ်းပေါ့၊ အဲဒီ ဆပ်ပြာကြမ်းဆိုတဲ့ “ဦသ” စကားလုံးနေရာမှာ မှားပြီးတော့ ရေးထားတာ“ဥသ္မ” လို့ ဖြစ်သွားတယ်။“ဥသ္မ” ဆိုပြီး ဖြစ်သွားတော ဆပ်ပြာ ဆိုပြီး မဖြစ်တော့ပဲ အငွ့ ဆိုတဲ့ အဓိပ္ပါယ်ရသွားတယ်။ အနက်ပြောင်းသွားတဲ့ အခါကျတော့ အဋ္ဌကထာက အဲဒီနေရာမှာသူတွေ့တဲ့ပါဠိက “ဥသ္မ” လို့ တွေ့ထားတော့ ဆပ်ပြာလို့ မဖွင့်မိပဲနဲ့ အငွေ့ ပဲသွားဖွင့်မိတယ်၊ ပြီးတော့မှ ဒီလိုလည်း မူကွဲရှိသေးတယ်၊ဒီအနက်ပါပဲ ပြောသွားတယ်။အဲဒါကို ဒီဆရာတော်ကြီးက ထောက်ပြတာ၊ ဒီလိုထောက်ပြတာမျိုးကျတော့မှန်ကန်တယ်၊ လက်ခံရမယ်၊ အဲသလို မဟုတ်ပဲနဲ့ အဋ္ဌကထာလည်းတစ်အုပ်မှမဖတ်ဖူးပဲနဲ့၊ အနှောင့်တောင်မှ မကြည့်ဖူးတဲ့ပုဂ္ဂိုလ်က အဋ္ဌကထာက ဘာတွေပြောရင်ဒါယုံနိုင်စရာ မရှိဘူး၊ လက်ခံနိုင်စရာ မရှိဘူး၊ logical မဖြစ်ဖူးပေါ့။အဘိဓမ္မာကျမ်းဟာ ဘုရားဟောမဟုတ်ဖူးလို့ ဘာနဲ့သက်သေထူမလည်း၊အဲလိုထူတဲ့အခါမှာ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှာ သီတင်းသုံးတာမရှိဘူးလို့ပြောရင် ၊ ပါဠိတော်ထဲမှာ မရှိဘူးလို့ ပြောရင် မှားတယ်၊ ရှာပြမယ်၊““လောမဿကင်္ဂီယဘဒ္ဒေကာရတ္တသုတ်”” ဆိုတဲ့ထဲမယ် မြတ်စွာဘုရားဟာတစ်ခါတုန်းက တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်းက ပဏ္ဍုကမ္ဗလာကျောက်နေရာမှာ သီတင်းသုံးနေထိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းကို ဖော်ပြထားတယ်၊ဒါပါဠိတော်အရင်းနော်၊ သူတို့ ကိုးမဲ့ ပါဠိတော်သူရှာမတွေ့ဘူး၊မြတ်စွာဘုရားဟာတာဝတိံသာနတ်ပြည် ပါရိစ္ဆတက္ကမူလ ပဏ္ဍုကမ္ဗလာကျောက်ဖျာပေါ်မှာတစ်ချိန်က သီတင်းသုံးနေထိုင်ခဲ့တယ်၊ အဲဒီ သီတင်းသုံးနေထိုင်ခဲ့တုန်းက“ဘဒ္ဒေကာရတ္တ အတီတံ နာနာဂမေယ နပတိ ကင်္ခေ အနာဂတံ” စတဲ့ ဘဒ္ဒေကာရဋ္ဌဂါထာများကို ဟောကြားခဲ့တယ်။ အဋ္ဌကထာက ထပ်ရှင်းတဲ့အခါမှာအဘိဓမ္မာတရားဟောတုန်းက အဲဒါတွေကိုညှပ်ပြီးတော့ ဟောပေးခဲ့တယ်ဆိုတော့ ဒါ မြတ်စွာဘုရား သက်သေ။ သူတို့က အဋ္ဌကထာ မယုံတဲ့သူဆိုတော့အဋ္ဌကထာကို မကိုးနဲ့ ၊ ပါဠိတော်မှာပဲ ဒီစကားလုံးက ရှိတယ်ဆိုတာကို မှတ်သားရမှာပေါ့၊ ကဲ ထား နိဒါန်း မပါလို့ မယုံဘူးဆိုရင် မယုံစရာတွေအများကြီးပေါ့။နောက်ဆုံးမှာ ကိုယ့်အဖေတောင် ယုံစရာမရှိဘူးလေ၊ မမြင်ရလို့ မယုံရရင် အဖေလည်းမယုံနဲ့၊ မမြင်ရလို့ရှိရင်ပြောပါတယ်။ လောကမှာ မယုံရတာတွေအများကြီးပဲ။ဆိုတော့ အဲဒီမှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကသံယုတ်ပါဠိတော်မှာဟောထားတာရှိတယ်၊ ယင်းတိုက်တောထဲမှာ မြတ်စွာဘုရားက အဲဒီ ယင်းတိုက်ရွက်ကလေးတွေကိုကြည့်ပြီးတော့ “ငါဘုရားသိတဲ့ အကြောင်းအရာတွေကအများကြီး ဒါပေမဲ့ ငါဟောတာ ဒီလောက်ပဲဟောတယ်” သိတိုင်း အကုန်မဟောဘူး။ဒါ တစ်ခုနော်၊ အဲတော့ မြတ်စွာဘုရား ဟောသမျှကို အကုန်မှတ်တမ်းတင်တာလားဆိုတော့ မဟုတ်ဖူး၊ အကုန်မှတ်တမ်းမတင်နိုင်ဘူး။ ဘုရားဟောတဲ့တရားကအင်မတန်မှကျယ်ဝန်းတယ်၊ ဒိပြင်ဟာ မပြောနဲ့ ခုခေတ် ရကော်ဒါ နဲ့ ဖမ်းပြီးတော့စာအုပ်ရိုက်မယ်ဆိုရင်တောင်မှပဲ အများကြီးပဲ ဖြစ်နေပြီလေ၊ မြတ်စွာဘုရားကအင်မတန်မှ နှုတ်လည်းသွက်တယ် ၊ စကားပြောလည်းရှင်းတယ်၊အသံလည်းရှင်းတယ်ဘုရားဟောတဲ့အသံ လိုက်ပြီးတော့ မမီဘူး အင်မတန်မှမြန်တယ်၊ စကားလုံးတွေအများကြီး ပီပီိပြင်ပြင်နဲ့ ပြောသွားနိုင်တယ်။ ရှင်အာနန္ဒာပဲ ဘုရားတစ်ခွန်း ရှစ်ခွန်းအာနန် ဆိုတာတွေနဲ့ တွက်မယ်ဆိုရင် လျှင်မြန်မှုနှုန်းက အင်မတန်မှများတယ်။အဲ့တော့ မြတ်စွာဘုရားဟောတဲ့ တရားတွေက အများကြီးပဲ။ အဲဒီ အများကြီးကမှမှတ်တမ်းတင်နိုင်တာ အနည်းငယ်ပဲရှိတယ်၊ အဲတော့ မှတ်တမ်းမတင်လို့ မဟုတ်ဖူးလို့ပြောလို့ မရဘူး။ တစ်ခါတုန်းက ဗမာပြည်မှာ သမိုင်းဆရာကြီးတစ်ဦးက ကျောက်စာမတွေ့ရင် အမှန်လို့ မယူရဘူးလို့ပြောတယ်၊ သူကကျောက်စာထဲပါမှ အမှန်လို့ယူမယ်ဆိုတော့ ဒါဖြင့် ကျောက်စာထိုးတဲ့ အကြောင်းအရာက ဘယ်နှခုရှိလို့လည်း။စဉ်းစားကြည့်၊ ကဲ ဒီနေ့ သတင်းစာထဲမယ်ပါတယ် သတင်းစာများသည်သမိုင်းကိုပြောနေကြသည်ဆိုတဲ့ အဆိုနဲ့ ပြောမယ်ဆိုရင် သတင်းစာထဲပါမှ အမှန်လို့ဆိုရင်အကြောင်းအရာအားလုံးဟာ သတင်းစာထဲမှာမပါဘူးလေ၊ အဲဒါတွေက တကယ်မဖြစ်ဖူးပြောလို့ရလား၊ မရဘူး၊ အဲဒါကြောင့် ဒီအကြောင်းပြတွေက မှန်ကန်တဲ့ အကြောင်းပြတော့မဟုတ်ဖူး။ အဘိဓမ္မာဟာ ဘုရားဟောမဟုတ်ဖူး ဆိုတာဒိထက်မှန်ကန်တဲ့ အကြောင်းပြတော့ လိုတယ်။ အဲလို မဟုတ်ပဲနဲ့ ဒီလိုပြောတာကတော့ ဘာမှ ယုတ္တိမရှိဘူး။ ဒါက သာမာန်ရှုထောင့် အနေနဲ့ ပြောတာ။ ဒီကနေ့ မှတ်တမ်းမတင်တဲ့အဖြစ်အပျက်တွေ ဘယ်လောက်များလည်း။ အခုမျက်မှောက်ခေတ်ပဲကြည့်၊မြတ်စွာဘုရားလက်ထက်ကဆိုရင် အများကြီး၊ ဒိပြင့်လူတွေမပြောနဲ့ ကိုယ့်ဘ၀လေးတင်ကိုယ်ပဲ မှတ်တမ်းတင်နိုင်တာဘယ်လောက်ရှိလို့လဲ။ မှတ်တမ်းတင်တာနဲ့ မှတ်တမ်းမတင်တာက ပိုများတယ်လေ။ မှတ်တမ်းမတင်လိုက်ရင် အဖြစ်မှန်မဟုတ်ဖူးလို့ငြင်းလို့ရလား၊ မရဘူး၊ မှတ်တမ်းမတင်တာနဲ့ မပြောခဲ့ဘူးလို့ ပြောလို့ မရဘူး။မြတ်စွာဘုရား ဟောတဲ့ တရားတွေထဲမှာ မြတ်စွာဘုရား ကိုယ်တိုင်ကိုက ငါသိတာနဲ့ငါဟောတာက အင်မတန်မှ နည်းတယ်၊ အဲတော့ ဟောတဲ့ထဲမှာလည်း ဟောတာတွေကအများကြီး မှတ်တမ်းတင်နိုင်တာက နည်းနည်းလေး ဒီလိုဆက်ပြီးတော့မှတ်ရမယ်။အဲတော့ ဘုရားမဟောခဲ့ဘူးလို့ဆိုတာဟာ မှတ်တမ်းမရှိလို့ ဆိုတဲ့ရှုထောင့်က ပြောရင်လုံးဝမှားတယ်ပေါ့။ မှတ်တမ်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေမြတ်စွာဘုရားကိုယ်တိုင်ကိုက မဟာပဒေသလေးပါးဆိုတာ ဟောထားတာရှိတယ်။အဲ့ထဲမှာ ချသွင်းကြည့်ရမယ်။ မြတ်စွာဘုရား ကိုယ်တိုင် ငါဟောတယ်၊ ငါမဟောဘူးဆိုတာ အဲဒီရှုထောင့်က ကြည့်ရမယ်လို့ ဆိုတယ်။ ဘုရားဟောတဲ့ တရားမှန်သမျှဟာ ရာဂငြိမ်းဖို့ဖြစ်တယ်၊ ဒေါသငြိမ်းဖို့ ဖြစ်တယ်၊ မောဟငြိမ်းဖို့ဖြစ်တယ်၊အဲဒီအတွက် အကျိုးပြုတာတွေမှန်သမျှ ဘုရားဟောပဲ၊ ဒီလို မဟာပဒေသတွေထဲမှာမြတ်စွာဘုရားက ဟောထားတာတွေရှိတယ်ပေါ့။ အဲဒီ ရှုထောင့်တွေက ကြည့်မယ်ဆိုရင်အဘိဓမ္မာဟာ ဘုရားဟောမဟုတ်ဖူးလို့ ငြင်းလို့ မရဘူး။နောက်တစ်ခါ အဘိဓမ္မာမှာ လာတဲ့ တရားဓမ္မတွေက ဘယ်သုတ္တန်နဲ့ ဆန့်ကျင်တာရှိလည်း၊ မြက်စွာဘုရား ဟောထားတဲ့ တရားဓမ္မတွေကို အနှစ်အဆီတွေ ထုတ်ပြီးကြည့်လိုက်မယ်ဆိုရင် သုတ္တန်နဲ့ အဘိဓမ္မာ ထိပ်တိုက်ကြီး ကွဲလွဲနေတယ်ဆိုတာလုံးဝမရှိဘူး။မရှိသည့်အတွက်ကြောင့် မရှိရုံတင်မကဘူး၊ အဘိဓမ္မာမှာ ဟောထားတာအလွန်ပြည့်စုံနေသည့် အတွက်ကြောင့် တရားအနှစ်သာရပိုင်းက ကြည့်ရင်လည်းပဲမြတ်စွာဘုရားရဲ့ လက်ရာမှတစ်ပါး ဘယ်သူ့လက်ရာမှ မဖြစ်နိုင်ဘူး။သက်သေ သက္ကာရဘာမှ မလိုဘူး၊ တရားကြည့်တာနဲ့ပဲ ဘုရားဟောတယ်ဆိုတာ၊ ဘာလို့လည်းဆိုတော့သာမန်ပုဂ္ဂိုလ်တွေ ဘယ်လိုမှ မပြောနိုင်တဲ့စကားတွေ၊ ဒီအကြောင်းအရာတွေက၊ကမ္ဘာမှာ ဘယ်သိပ္ပံဆရာကြီးကပြောတဲ့စကားနဲ့တူတယ်လို့ပြောစရာကို မလိုဘူး။ဘယ်ပညာရှိရဲ့ ပြောတဲ့စကားနဲ့ တူတယ်လို့ကို ပြောစရာမရှိဘူး။ အဲသလိုမရှိသည့်အတွက်ကြောင့် ထူးခြားတဲ့ စကား အသုံးအနှုံးတွေနဲ့ ဓမ္မသက်သက်ကို ဟောပြောထားတဲ့အဘိဓမ္မာကို ဒီအဘိဓမ္မာ ရှုထောင့်တစ်ခုထဲ ကို လေ့လာကြည့်ရုံနဲ့ ဘုရားဟောမဟုတ်ဖူးလို့ ပြောစရာကိုတစ်ခုမှမရှိဘူး။ အနောက်တိုင်းက လူတွေကတစ်ချို့လူတွေက ဒါတွေက အနောက်တိုင်းက လူတွေရဲ့ သံယောင်လိုက်တာလည်းဖြစ်နိုင်တယ်။ တော်တော်များများက သံယောင်လိုက်ကြတယ်၊ အင်္ဂလိပ်လို ရေးထားတဲ့စာအုပ်ဆိုရင် အဟုတ်ထင်တယ်။ အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေမှာ အမှားတွေအများကြီး၊ ဒိပြင့်ဟာမပြောနဲ့ ၀ိသုဒ္ဓိမ၈်ကို ဘာသာပြန်ထားတဲ့ The path of purificationဆိုတဲ့ စာအုပ်ကြီးထဲမှာ အမှားတွေ အများကြီး၊ ဘုန်းကြီးတို့အရင် အပြည်ပြည်ဆိုင်ရာထေရ၀ါဒသာသနာပြုတက္ကသိုလ်ပါမောက္ခချုပ်လုပ်သွားတဲ့ဒေါက်တာဦးသီလာနန္ဒ ဆရာတော်ကြီးက ၀ိသုဒ္ဓိမဂ် မူရင်း ပါဠိနဲ့ အဲဒါကိုတိုက်ပြီးတော့ ဖတ်သွားတယ်၊ ဖတ်သွားပြီးတော့ သူ့စာအုပ်မှာ အကုန်လုံး ရဲနေအောင်ခြစ်ထားခဲ့တယ်၊ ဒါတွေက မှားနေတယ်၊ ဒါမှားတယ်၊ ဒါမှားတယ်၊ ဒါက မူရင်းပါဠိနဲ့လွဲနေတယ်၊ ဘုန်းကြီးတို့နဲ့ တွေ့တဲ့အခါ ပြောဖူးတယ်၊ နိယောဓသမာပတ္တိဝင်စားတဲ့အခန်းတစ်ခန်းမှာ ဦးဇင်းတို့ရှာကြည့်၊အဲဒီမှာ မှားနေတာရှိတယ် ဘုန်းကြီး မပြောဘူး။ကိုယ့်ဘာသာရှာကြည့်ဆိုပြီး။ ဘုန်းကြီးတို့က အဲ့မှာ ရှာပြီးတော့ ဆရာတော့်ကိုလျှောက်ရဖူးတယ်ပေါ့။ ဟုတ်တယ် မှားနေတာတွေ အများကြီးရှိတယ်။ အဲတော့ဒီလို စာအုပ်တွေကိုသာ ဖတ်ပြီးလေ့လာပြီး တဲ့အခါမှာ ဒီမူရင်းပါဠိတွေ မဖတ်ဖူးပဲနဲ့မှားတယ်လို့ ပြောရဲတဲ့သတ္တိက အတော်သတ္တိတော့ မဟုတ်ဖူး၊ သူ့ရဲ့သတ္တိကအတော့်ကိုကြီးကျယ်တဲ့ သတ္တိ၊ ဘယ်သတ္တိတုန်းဆိုမောဟသတ္တိပေါ့။မစဉ်းစားနိုင်တဲ့သတ္တိပေါ့။ အ၀ိဇ္ဇာဓာတု အင်မတန်မှ မိုက်မဲတဲ့ သတ္တိပေါ့နော်။ဘာလို့လဲဆိုတော့ သူတကယ်မသိလို့ ပြောတာပေါ့၊ တကယ် သိရင် ပြောစရာ ရှိမှမရှိတာအဲတော့ နိဒါန်းမပါလို့ ဘုရားဟော မဟုတ်ဘူးဆိုတာလည်း မှတ်စရာ အကြောင်းမဟုတ်ဖူး၊ မြတ်စွာဘုရား တာဝတိံသာကြွတယ်ဆိုတာ ဘယ်ကျမ်းမှာမှမပါဘူးဆိုတာလည်း ဒါလုံးဝမှားတဲ့စကားတစ်ခုဖြစ်နေပြီပေါ့၊ အဲတော့ သူတို့ကိုယ်တိုင်ပဲသုတ္တန္တိက ပါဠိတော်ကို ပါဠိတော်တွေထဲမှာ ရှေးကျတယ်လို့ ယူဆတယ်။ အဲဒီ ရှေးကျတယ်ဆိုတဲ့ထဲမှာလည်း သာရိပုတ္တသုတ်ဆိုတာရှိတယ်။အဲဒိ့မှာ “န မေ ဒိဌော ဣတော ပုဗ္ဗေ နသုတော ဥဒကဿဇိ” ဆိုတဲ့ဂါထာလေးနဲ့ စတယ်အဲဒါ တာဝတိံသာနတ်ပြည်က မြတ်စွာဘုရားအဘိဓမ္မာဟောပြီး ဆင်းလာတာကိုကြိုဆိုတဲ့ပွဲမှာ ပြောတဲ့စကား၊ နော် အဲဒီ စကားတွေလည်း သဲလွန်စ ရှိတယ်။တစ်ခါတစ်ရံကျတော့ သမိုင်းဆိုတာ သမိုင်းရှုထောင့်ကနေပြီး ပြန်ကြည့်ရတာတွေရှိတယ်ပေါ့။ သမိုင်းရှုထောင့်ကနေ မကြည့်ပဲနဲ့ သမိုင်းမှတ်တမ်းရှာမရလို့ သမိုင်းရှုထောင့်ကမကြည့်လို့ရှိရင် ဓမ္မရဲ့ အနှစ်သာရပိုင်းကကြည့်တာနဲ့ပဲ ဒါကဘုရားဟောတာပဲဖြစ်နိုင်တယ်၊ ကျန်တဲ့ပုဂ္ဂိုလ် ဟောတာမဖြစ်နိုင်ဘူးဆိုတာကို လုံးဝဆုံးဖြတ်လို့ရတယ်။ အေး တစ်ချို့ အနောက်တိုင်းက ဝေဖန်တဲ့ပုဂ္ဂိုလ်တွေကဘယ်လောက်ထိအောင် တစ်ခါတစ်လေ ပြောတတ်တုန်းဆိုတော့ တစ်ခါတုန်းကကြားလိုက်ဖူးတယ်ပေါ့။ “ယာယံ တဏှာ ပေါနောဗ္ဘ၀ိကာ နန္ဒီရာဂသဟဂတာ တတြ တတြာဘိနန္ဒိနီ” ဆိုတဲ့ ဓမ္မစကြာ ဒေသနာမှာ ဒီ “ ပေါနုဗ္ဘ၀ိကာ” ဆိုတဲ့ စကားလေးဟာနောက်မှ ထည့်တာလို့ သူတို့က ပြောချင်တယ်။ ဘာလို့ ပြောတာတုန်းဆိုတော့နောင်ဘ၀ကို မလိုချင်တဲ့သူတွေလေ။ နောင်ဘ၀မလိုချင်တာကလည်းအချောင်မလိုချင်တာလေ။ တရားကျင့်ပြီးတော့ နောင်ဘ၀မရချင်တာမဟုတ်ဖူး။တဏှာက နောက်ဘ၀ဖြစ်စေတဲ့ စကားကို နောက်မှ ထည့်တယ်လို့ ဒီလိုပြောချင်သေးတာလေ။အဲတော့ အရင်ဟာတွေတော့ မပြောပဲနဲ့ နောက်ဟာကျမှဘာလို့နောက်မှ ထည့်တယ်လို့ ပြောနိုင်ရတာလည်း၊ အဲတော့ ကိုယ်ကြိုက်လို့ရှိရင်ယူတယ်၊ ကိုယ်မကြိုက်လို့ရှိရင် မယူဘူးဆိုတဲ့ လူတွေရဲ့ ဝေဖန်ဆန်းစစ်ချက်က တကယ့်ကို မှန်ကန်တဲ့ ဝေဖန်ချက်မဟုတ်ဖူးလို့၊ အဲတော့ ဘုန်းကြီးတို့ စာပေနဲ့ပါက်သက်တဲ့ အဘိဓမ္မာနဲ့ ပါက်သက်တဲ့ အယူအဆကတော့ မြတ်စွာဘုရား တာဝတိံသာကြွတယ်ဆိုတာ “လောမဿကင်္ဂီယဘဒ္ဒေကာရတ္တသုတ္တန်မှာရှိတယ်၊” ဘုရား အဲ့မှာသီတင်းသုံးခဲ့တယ်ဆိုတာရှိတယ်၊ နောက် အဘိဓမ္မာတရားဟောတာ ဘုရားဟောတယ်မဟောဘူးဆိုတာ သိချင်ရင် ဓမ္မရဲ့ အနှစ်သာရပိုင်းကကြည့်မယ်ဆိုလို့ရှိရင် ဘုရားကလွဲရင်ဘယ်ပုဂ္ဂိုလ်မှ မဟောနိုင်တဲ့ စကားလုံးတွေရယ် ဒီနှစ်ချက်နဲ့တင် ဘုန်းကြီးတို့ကတကယ့်ကို အနှစ်သာရရှိတဲ့ တရားလို့ ယူဆပါတယ်။

No comments:

Post a Comment